ရှေးခေတ် ရခိုင်ပြည်အုပ်ချုပ်ရေးစနစ်
ဦသာညွန့် ဟောပြောချက် (၂/၁၂/၁၉၇၃ - ခု)
ရခိုင်မင်းများစိုးစံခဲ့သော နှစ်ကာလကို ခေတ်အားဖြစ်
ပိုင်းခြားလိုက်ပါက အကြမ်းဖျင်းအားဖြင့် ၄- ပိုင်း ပိုင်းခြား၍ ရနိုင်ပေသည်။
ယင်းတို့မှာ-
(၁)
အလွန်ရှေးကျသော (ဒွါရာဝတီ၊ ဝေသာလီ၊ ဓည၀တီ)ခေတ်၊ (၂) ဝေသာလီ ကျောက်လှေကားခေတ်၊ (၃)
လေးမြို့ခေတ်နှင့် (၄) မြောက်ဦးခေတ် များ ဖြစ်ပါသည်။ အချို့ ရာဇ၀င်ဆရာတို့က
မြောက်ဦးခေတ်ကိုပင် -ပထမမြောက်ဦး၊ ဒုတိယမြောက်ဦး၊ တတိယ မြောက်ဦးဟူ၍ပင်
၃ပိုင်းပိုင်းခြားကြပေ သေးသည်။ ကျွန်ုပ်တို့သည် အလွန်ရှေးကျသော ဒွါရာဝတီ၊ ဝေသာလီ၊
ဓည၀တီခေတ်များက ရခိုင်မင်းများအုပ်ချုပ်ပုံစနစ်ကို စာပေကျမ်းဂန် အထောက်
အထားများဖြင့် ဂ,နစွာမတင်ပြနိုင်သေးသဖြင့်
မှုန်ရေးရေးမျှသာတင်ပြနိုင်သည့် အခြေအနေတွင်ရှိသည်။
သို့ရာတွင် ဝေသာလီကျောက်လှေကားခေတ် (အေဒီ
၎-ရာစုအစပိုင်း)မှစ၍ကား အထောက်အထားအတော်အသင့်စုံလင်စွာဖြင့် တင်ပြနိုင်ကြပေပြီ။ ဝေ
သာလီခေတ်ဦးသည် အိန္ဒိယနိုင်ငံ ဂုပ္ပတာဘုရင်များခေတ်နှင့် ခေတ်ပြိုင်ဖြစ်၏။
ဂုပ္ပတာခေတ်တွင် အိန္ဒိယ၌ မနုဓမ္မသတ်ကျမ်းကြီး ပေါ်ထွက်နေပြီဖြစ်၍ ထိုဓမ္မသတ်ကျမ်းသည်
ရခိုင်ပြည်သို့လည်း မချေးမနှောင်း ရောက်ရှိလာခဲ့ကြောင်း အထောက်အထားများတွေ့ရသည်။
ထိုအချိန်တွင် ရခိုင်ပြည်၌ စာပေ အရေးအသားများလည်း တတ်မြောက်ပြီးဖြစ်သည်။
တရားစီရင်ရေးနှင့်ပတ်သက်၍ အာန္ဒစန္ဒြားကျောက်စာ၊ ဂါထာအပိုဒ်
(၅၈)ကို မြန်မာဘာသာပြန်ဆိုလျှင်–
“သဘင်ခန်းမဆောင်ကြီး(တရားရုံး)ထဲတွင် နေ့ စဉ်နေ့တိုင်း
စည်းဝေး(ရုံးထိုင်)ခြင်းကိုပြုလုပ်လေ့ရှိ၏။ (မင်းကြီးသည်)သနားခြင်းဂရုဏာရှိသဖြင့်၊
အလွန်လျှင် (အမှန်ပင်) သေဒဏ်ပေးထိုက်သောသူတို့ ကိုပင်လျှင်၊ အမြဲအပြစ်မှ
ချမ်းသာပေးလေ့ရှိ၏။” ဟုအဓိပ္ပါယ်ရရှိပေသည်။
ရခိုင်မင်းများသည် ထိုခေတ်ထိုအချိန်ကစိုးစံခဲ့ကြသော
အခြားမင်းများနည်တူ သက်ဦးဆံပိုင် ဘုရင်များဟုခေါ်တွင်ကြသော်လည်း
ရခိုင်ရာဇ၀င်တလျှောက် လုံးတွင် မင်းပြစ်မင်းဒဏ်ကြောင့် ကွပ်မျက်ရသည်ကိစ္စမျိုး
လွန်စွာနည်းပါးလေသည်။ ရာဇ၀တ်ပြစ်ဒဏ်သင့်သူများကို ဘုရင်က အသက်ချမ်းသာခွင့်ပေး သည့်
စံနမူနာများကိုသာ တွေ့ရတတ်သည်။
ကြီးလေးသောပြစ်မှုကျူးလွန်သူများနှင့် သုန့်ပန်းအကြီးအကဲများ
(ယခုခေတ် စစ်ရာဇ၀တ်ကောင်များနှင့်တူသူများ) ကို ဘုရင်ကသေဒဏ်မှ ချမ်းသာပေး
ပြီးလျှင် သင်္ဃာတော်များလက်သို့အပ်၍ သာသနာ့အဆောက်အဦများတွင်
အလုပ်အကျွေးအဖြစ်ထားရှိလေသည်။ ထိုသို့ဆောင်ရွက်ခြင်းကိုသင်ချီတည်
သည်ဟု ခေါ်လေသည်။ ရခိုင်မင်းများသည်
ကွပ်မျက်စီရင်ခြင်းများကို အားမပေးခဲ့သည့် အကြောင်းရင်းများမှာ
မင်းများနန်းတက်စတွင် သစ္စာဘိသိတ်ကို ခံယူခဲ့ရခြင်း၊ ဗုဒ္ဓ၀ါဒီများဖြစ်သည့်အလျှောက်
ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို အမြဲတစေစောင့်ထိန်းခြင်းတို့ကြောင့် ဖြစ်ပေသည်။
ဘိသိတ်သစ္စာခံယူပွဲ၊ ဘိသိတ်သစ္စာခံယူပွဲ၊ ဘိသိတ်သစ္စာခံယူပွဲ၊
ဘိသိတ်သစ္စာခံယူပွဲ၊
လေးမြို့ခေတ်တွင် ရခိုင်ပြည၏ စီမံအုပ်ချုပ်မှုများမှာ
များစွာတိုးတက်ခေတ်မီလျှက်ရှိကြောင်း တွေ့ရပေသည်။ လေးမြို့ခေတ် သက္ကရာဇ် ၄၅၈-ခု၊
(အေဒီ-၁၁၂၃) တွင်နန်းတက်သော ဒဿရာဇာမင်းကြီးသည် ကြီးကျယ်ခန်းနားသော
ဘိသိတ်သစ္စာခံယူပွဲကြီး ကျင်းပကြောင်းတွေ့ရပေသည်။ မင်းနှင့် မိဖုရား ကြီးတို့သည်
န၀ရတ်ကိုးပါးဖြင့်စီချယ်ထားသော ရတနာထမ်းစင်ကိုစီးတော်မူ၍
အသင့်ဆောက်လုပ်ထားသောမင်္ဂလာမဏ္ဍပ်သို့ ထွက်တော်မူသည်။ သာ သနာပိုင်
ဝိနည်းထိုရ်ဆရာတော်နှင့် ပရောဟိတ် ၁၂-ပါးတို့သည် ပိဋကတ်တော်များကိုဆောင်ယူ၍
သီဟာသနမဏ္ဍပ်၌ထားပြီးသော် နန်းတော်သို့ဝင်၍ သံဃာတော်များက
ပရိတ်တော်များရွတ်ဖတ်ကြသည်။ မင်းကြီးသည် မောရာသနမဏ္ဍပ်၌ရေချိုးတော်မူ၍ ဂဇာသနမဏ္ဍပ်တွင်
ခေါင်းဆေးတော်မူပြီးမှ သာ သနာ့အကျိုး၊ လောကီအကျိုးသယ်ပိုးရွက်ဆောင်ပါမည် ဟု
ပါဋိဂါထာများကိုရွတ်ဆိုရသည်။ ထိုံနောက် သီဟာသနမဏ္ဍပ်အလယ်၌ ရွှေအင်းပျဉ်ဖြင့် ပြီးသော
ရေသဖန်းပျဉ်ဝယ် ထိုင်တော်မူ၏။
ယင်းသို့သောအခါ-
မင်းသမီးရှစ်ယောက်တို့သည် န၀ရတ်စီချယ်ထားသောခရုသင်းတွင်
ဂင်္ဂါမြစ်ရေကိုထည့်လျှက်ကောင်းမွန်ရိုသေစွာ မင်းကြီး၏ဦးခေါင်း၌ သွန်းလောင်းစဉ်-
• “အရှင်မင်းကြီး
သာသနာတော်ပွင့်လင်းအောင် ပြုတော်မူပါလော။ •
အရှင်မင်းကြီး ခပ်သိမ်းသောသတ္တ၀ါတို့အား ကိုယ်၏သားနှင့်အမျှ ချစ်ခင်ခြင်း၊
ပြည်သူတို့၏စီးပွါးကို ကိုယ်တော်၏စီးပွါး၊ ခပ်သိမ်းသော
သတ္တ၀ါတို့၏ ဇီဝိတိနြေ္ဒအသက်ကို
ကိုယ်တော်၏အသက်ကဲ့သို့စောင့်တော်မူ ပါလော။
• -အရှင်မင်းကြီး
ခပ်သိမ်းသောပြည်ထောင်မင်းတိုအား အမျက်မလွန်ခြင်း၊ တရား၌စောင့်ခြင်း၊ ပညာရှိစကားကို
နာလွယ်ခြင်း၊ အမျိုးစောင့်ခြင်း
များကို မြဲမြံ စောင့်ထိမ်းတော်မူပါလော။” ဟု
မြွက်ဆိုကြ၏။
ထိုနောက် ပုဏ္ဏား ၈-ယေက်၊ သူဌေး ၈-ယေက်၊ သူကြွယ်
၈-ယောက်တို့က ရှေးနည်းအတိုင်း ရေသွန်းလောင်းကြကုန်၏။ သူဌေးသူကြွယ်တိုက ရေသွန်း
လောင်းစဉ် ဆိုပြန်သည်မှာ-
• အရှင်မင်းကြီး
အကျွန်ုပ်တို့သွန်းလောင်းသောရေကိုခံတော်မူ၍
ကျွန်ုပ်တို့ဆိုသောစကားအတိုင်းကျင့်ဆောင်တော်မူ၍ ပြည်သူလုပ်ခွံ ဆယ်ဖိုး
တဖိုးခံယူစားသုံးတော်မူ၍ မင်း၏စည်းစိမ်ကို စံပြီးသော် ပြည်ကို
တရားသဖြင့်စောင့်တော်မူပါလော။ •
အရှင်မင်းကြီး ကျွန်ုပ်တို့ဆိုသောစကားအတိုင်း ကျင့်တော်မူသောကား
ပစ္စုပန်-သံသရာ နှစ်ဖြာအကျိုးတက်တိုးစေလျက်၊ တက်သစ်သောနေ၊ ဆန်းသစ်သော လကဲ့သို့၊
တနေ့တခြား ကြက်သရေတော်ပွင့်လင်း၍ ပြည်ထောင်မင်းပေါင်းဦးခေါင်းညွတ်လာ၊
သဒ္ဒါပြည့်ဖြိုး၊ သူခိုးဓါးပြ၊ ငြိမ်း ချမ်းသာယာ၊ သာသနာတော်တည်ထွန်း၊ ရေစာမရှား၊
မင်းအားပြည်သူ၊ ဆုယူနေ့တိုင်း၊ ကောင်းကြီးပေးလျှက်၊ သက်တော်ရာကျော်၊ စံတော် မူရသည်
ဖြစ်စေသောဝ်။ • ယင်းသို့မဟုတ်
ကျွန်ုပ်တို့စကားအတိုင်း မတည်၊ မင်းကောင်းမင်းမြတ်တို့ဝန်ခံသော
ဘိသိတ်သစ္စာပျက်ချေသော် ကမ္ဘာဆူဝေ၊ လေမုန်တိုင်း ဆင်၊ ငလျင်တော်လဲ၊ မြေကြီးကွဲ၍၊
ငရဲမီးလျှံ၊ အ၀ှန်ပြောင်ပြောင်၊ တောက်လောင်ကြေညက်၊ သူဖျက်သူလှောင့်၊
ထောင်ထောင်ထားထား၊ ခိုး သားဒန္တ၊ စသည့်အထွေထွေ၊ နေလတံခွန်၊ ငှက်ပျံငှက်ယုတ်၊
စုန်းဖုတ်တစ္ဆေ၊ နန်းထက်နေ၍၊ မွှေမွှေလှန့်ခြောက်၊ မြွေဟောက်ငန်းကျား၊ တက် ၍စားသည်
ဖြစ်စေသောဝ်။ ဟုမြွက်ဆိုကြလေသည်။
ဒသရာဇာမင်းကြီးသည် ရှေးမင်း ဘေးတော် ခမည်းတော်တို့နည်းတူ
သစ္စာဘိသိတ်ခံယူတော်မူကြောင်း သမိုင်းအစောင်စောင်၌ ဆိုထားသည်။ ဘိ သိတ်သစ္စာဆိုသည်မှာ
တနည်းအားဖြင့် ဘုရင်မင်းမြတ်အား ဤနည်းဤပုံ အုပ်ချုပ်ပါလောဟု
ကတိသစ္စာပြုခိုင်းခြင်းပင်ဖြစ်၏။ ကျမ်းကျိန်ဆိုစေခြင်း
ဖြစ်သည်ဟုလည်းဆိုနိုင်ပေ၏။ ဤဘိသိတ်စာတမ်းအကျယ်ကို ဓည၀တီအရေးတော်ပုံနှင့်
အမျိုးသားစာကြည့်တိုက် ပရပိုက်အမှတ်-၁၁၂၀ (ရခိုင် ရာဇ၀င်) တွင်ကြည့်ရှုနိုင်ပါသည်။
မန်လည်ဆရာတော်ဘုရားကြီးသည် မာဃဒေ၀လင်္ကာသစ်တွင် မာဃဒေ၀မင်းကြီး ဘိသိတ်ခံယူပုံကို
စပ်ဆိုရာ၌ ဤစာတမ်းကိုမှီငြမ်း၍ စပ်ဆိုထားခြင်းဖြစ်ပေသည်။
ဥပဒေပြုသူ ဥပဒေမဖျက်နှင့် ဥပဒေပြုသူ ဥပဒေမဖျက်နှင့်
ဥပဒေပြုသူ ဥပဒေမဖျက်နှင့် ဥပဒေပြုသူ ဥပဒေမဖျက်နှင့်၊ ၊၊ ၊
သက္ကရာဇ် ၆၄၅-ခုနှစ်တွင် နန်းတက်သော
မင်းထီးဘုရင်တရားစောင့်ထိန်ပုံ လူတိုင်းလိုလို သိရှိပြီးဖြစ်ပေလိမ့်မည်။
မင်းထီးဘုရင်သည် နန်းတော် တိုင်ထုံးတို့မိသူ၏ လက်ညှိုးကိုဖြတ်မည်ဟု
အမိန့်ထုတ်ထားခဲ့သည်။ နောက်ဆုံး၌ ထုံးသုတ်သူမှာ သူကိုယ်တိုင်ဖြစ်နေရာကား
သံလျှက်ကိုဆွဲ လျှက် မိမိ၏ညာလက်ညှိုးကို ကိုယ်တော်တိုင်ပိုင်းဖြတ်လိုက်လေသည်။
မင်းကြီးကိုယ်တိုင်ဤသို့ဖြောင့်မှန်ပြတ်သားစွာ တရားစောင့်ထိန်းပြသဖြင့်
တိုင်းသူပြည်သားများအဘယ်မှာလျှင် တရားမစောင့်ဘဲနေနိုင်ပါအံ့နည်း။
ဤအကြောင်းနှင့်စပ်လျဉ်း၍ ဒေါက်တာဖေါ်ချမ်မာ (Dr.
Forchummer) က ရခိုင်သမိုင်းဆိုသောဆောင်းပါးတွင်
မေားစွာချီးကျူးရေးသားထားလေသည်။ မင်းထီးသည် ရာထူးခန်းထားရာတွင်
အနီးအဝေးရွေးတော်မမူ။ ပ ညာအလျောက် သူကောင်းပြုတော်မူ၏ဟု
သမိုင်းဆရာတို့မှတ်တမ်းတင်ကြသည်။
ရခိုင်မင်းဆက်တွင်မင်းကောင်းမင်းမြတ်များရှိသလို
မင်းဆိုးမင်းညစ်များလည်းရှိခဲ့သည်။ ခရစ်နှစ် ၁၆၃၈ခုနှစ် သီရိသုဓမ္မမင်းကို
မိဖုရားနတ်ရှင်မယ် နှင့် လောင်းကြက်မြို့စားကုသလအမတ်တို့
ပူးပေါင်းလုပ်ကြံပြီးနောက် ကုသလသည် နရပတိကြီးအမည်ဖြင့်နန်းတက်သည်။
ပြည်သူပြည်သားများ အော့နှလုံးနာကြသည်။ မဟာသက်တော်ရှည်အမတ်ကြီး ငလက်ရုံးသည်
ရာထူးမှနှုတ်ထွက်ပြီး ရဟန်းဝတ်သွားလေသည်။
သက္ကရာဇ် ၁၁၃၅ (ခရစ်-၁၇၇၃)-ခုတွင်
နန်းတက်လာသောစန္ဒသုမနမင်းသည်လည်း တရားမစောင့်သောမင်းဖြစ်၏။ အမတ်ကြီးပိုးရွှေ
ဦးဆောင်၍ ပြည်သူပြည်သားတို့ပုန်ကန်ကြသည်။ မင်းကိုဖမ်းမိလျှင် ကွပ်မျက်ပြီး
အလောင်းကို ရေတွင်မျှောလိုက်ကြသည်။
ပြည်သူ့တရား ပြည်သူစီရင် ပြည်သူ့တရား ပြည်သူစီရင်
ပြည်သူ့တရား ပြည်သူစီရင် ပြည်သူ့တရား ပြည်သူစီရင်--
သက္ကရာဇ် ၇၅၆-ခု(အေဒီ-၁၃၉၄)တွင်နန်းတက်သော
ရာဇသူမင်း(ခေါ်)၀ရဓမ္မရာဇာ(မင်းထီးသား)လက်ထက်၌ ထုတ်ပြန်သောအမိန့်တော်စာတမ်း မှာ
အလွန်ထူးခြားသောလက္ခဏာကိုဆောင်နေပေသည်။ ထိုအမိန့်တော်ပါပြဌာန်းချက်များအရ ရှေးမင်းများလက်ထက်က
မြို့စား၊ ရွာစား၊ သူကြီး ကစ၍ခန့်ထားခြင်းခံရသူတို့သည် သားစဉ်မြေဆက်
ထမ်းရွက်စားသုံးခွင့်ရလေသည်။ အခွန်အတုတ်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ အသည်သားတို့
သည် အိမ်ကြီးလျှင် တနှစ် ၅-သပြာပေးရ၏။ အိမ်ငယ်လျှင် ၂-သပြာခွဲပေးရ၏။ ကုန်သည်
ပွဲစား အစို့ခွန်သားတို့သည် အိမ်ကြီးလျှင် ဆယ်သပြာ၊ အိမ်ငယ်လျှင်
ငါးသပြာပေးဆောင်ကြရ၏။ တောင်ယာအရပ်မှ တောင်ယာဖြင့်အသက်မွေးသူတို့သည် ဓါးတစင်း
ယာတခင်းလျှင် သုံးသပြာစီ ပေးဆောင်ကြရ၏။ မင်းမှုထမ်း ၀င်းသား၊ ဒိုင်းသားမှစ၍ ရေခပ်၊
တပျက်လှည်း သူများမှာ အခွန်အတုပ်ငွေ မပေးကြရချေ။ မင်းသား၊ မင်းသမီး၊ မိဖုရား၊
မှူးမတ်တို့သည် မိမိတို့အားပေးအပ်ထားသောသူများကိုသာ အစေအပါးခိုင်းစေခွင့်ရသည်။
အခြားသူများကို ကပ်ခို၊ ကပ္ပါးအဖြစ်လက်မခံ ရ။ ရှေးမင်းအဆက်ဆက် ခန့်ထားသူများကိုသာ
သုံးရမည်ဟု အမိန့်ပြန်တော်မူ၏။
မြို့ပြင်လေးရပ်တွင် တရားမဏ္ဍပ် (တရားရုံး) လေးခုကို
ရှေးနည်းအတိုင်းဆောက်လုပ်ထားရမည်။ မဏ္ဍပ်တခုလျှင် ပြည်စိုးကြီးတဦးနှင့် တရာဆွေ
တဦးတို့က ရုံးထိုင်တရးစစ်ကြသည်။ ပြည်စိုးကြီးဆိုသူမှာ မြို့ဝန်ရာထူးနှင့်
ခတ်ဆင်ဆင်တူသည်။ တရားဆွေဆိုသူမှာ လူထဲမှရွေးကောက် တင် မြှောက်သူဖြစ်ပြီး ယခုခေတ်
ရုံးသဟာယနှင့်တူဟန်ရှိပေသည်။ ယင်းတရားရုံးများသည် လက်ရောက်နှုတ်လွန်၊ မြေမှု၊ ငွေမှု၊
အိမ်မှုစတသာ ရာဇ ၀တ်မှု နှင့် တရားမ,မှုများကိုစီရင်ရသည်။
အမှုပြီးပြေလျှင် အမှုကြီးငယ်ကိုထောက်၍ ငါးသပြာတန်သည်၊ နှစ်သပြာတန်သည်ကို
စီရင်သူတို့ခံယူသုံး စားစေ။
မင်းရာခိုးထူးဆို၍ မကုန်မကျစေနှင့်ဟု အမိန့်ထုတ်ထားသည်။
အယူခံရုံးများ အယူခံရုံးများ အယူခံရုံးများ အယူခံရုံးများ--
တရားဆွေနှင့် ပြည်စိုးကြီးတို့ဆုံးဖြတ်ချက်ကို မကျေနပ်လျှင်
အမတ်တရားသူကြီး လေးဦးထံ အယူခံဝင်ရသည်။ အမတ်တရားသူကြီးလေးဦး၏ ဆုံး
ဖြတ်ချက်ကိုမကျေနပ်လျှင် ဘုရင်မင်းမြတ်ထံသို့အယူခံဝင်ရသည်။ မင်းကြီးသည် မဟာသက်တော်ရှည်သုခမိန်အမတ်ကြီးနှင့်တိုင်ပင်၍
အဆုံးအ ဖြတ်ပေးတော်မူသည်။ ယင်းဆုံးဖြတ်ချက်သည်
အမြင့်ဆုံးရုံးဆုံးဖြတ်ချက်ပင်ဖြစ်သည်။ အမတ်ကြီးမဟာပညာကျော်ဖြတ်ထုံးဆိုသည်မှာ
ဤသို့ဘု ရင်ထံတက်လာသောအမှုများကို စီရင်ဆုံးဖြတ်ထားခြင်းများဖြစ်သည်။
အမှုစစ်ဆေးပုံနှင့်စပ်လျဉ်း၍ ခိုးမှု၊ ယိုးမှုများမှာလည်း
ရိုက်ပုတ်ထောင်းသတ်၍ မစစ်မမေးစေနှင့်၊ ပညာဖြင့်သာပေါ်အောင်စစ်ရမည်ဟု အမိန့်ထုတ်
ထားလေသည်။ ဤတရားစီရင်ရေးစနစ်ကို
နောက်မင်းများလက်ထက်တွင်လည်း အစဉ်တစိုက်ဆက်၍ ကျင့်သုံးသွားသည်ကို တွေ့ရသည်။
တိုင်းကြီး တိုင်းကြီး တိုင်းကြီး တိုင်းကြီး ၁၂ ၁၁၂၂
၁၂--တိုင်း တိုင်း တိုင်း တိုင်း--
ဝေသာလီခေတ်မှစ၍ ရခိုင်ပြည်ကို တိုင်းကြီး ၁၂-တိုင်းခွဲ၍
မြို့စား၊ ရွာစားများ ခန့်အပ်အုပ်ချုပ်ခဲ့သည်။
(၁)
နာဂသျှ န္တတိုင်း -
အာသံနယ်နှင့်စပ်လျှက်ရှိသော နယ်မြေ။
(၂)
မဟိံသကတိုင်း- နာဂသျှ န္တတိုင်းနှင့်
ရောင်ဖြူနယ်အကြားရှိနယ်မြေ။
(၃)
ကမ္မရူအဆိုင်း- ရောင်ဖြူနယ်။
(၄)
ဖလံတိုင်း- ဖလံထောင်။
(၅)
သက်တိုင်း- သက်ထောင်။
(၆)
ဘိုမင်းတိုင်း- ဘိုမင်းထောင်။
(၇)
ဘူးညာကြီးတိုင်း- ဘင်္ဂလား ၁၂မြို့။
(၈)
ဥဿလင်းတိုင်း- ပလက်ဝ ချင်းတောင်ကုန်းဒေသ။
(၉)
ရက္ခပူရတိုင်း-
မြစ်ကြီးလေးသွယ်မြစ်ဝှမ်းဒေသ။
(၁၀)
ရမ္မာပူရတိုင်း-
ရမ်းဗြဲနယ်တောင်ရိုးအထိဒေသ။
(၁၁)
မေဃ၀တီတိုင်း-
မာန်အောင်ကျွန်းနှင့်ကျွန်းရံများ။
(၁၂)
ဒွါရာဝတီတိုင်း- သံတွဲနဂရစ်
မော်တင်စွန်းအထိနယ်မြေ တို့ဖြစ်သည်။
ဘဥင်္လး၁၂-မြို့နှင့် သံတွဲနယ်တို့ကို မင်းညီမင်းသား
စိတ်ချယုံကြည်ရသူများကို ခန့်ထားလေ့ရှိသည်။ မင်းရာဇာကြီးလက်ထက်
သံလျင်ကိုပိုင်ဆိုင်ခဲ့ရာ ဒီဘရစ်တိုကို သားတော်မင်းခမောင်းနှင့်တွဲ၍
ဘုရင်ခံခန့်ထားခဲ့သည်။ ဒီဘရစ်တိုက အကောက်ကြံ၍ မင်းခမောင်းကို
ဖမ်းဆီးပြီးပုန်ကန်ခြားနားခဲ့သည်။
အနောက်တရိုးတွင်ရှိသော ဖလံထောင်၊ သက်ထောင်၊
ဘိုမင်းထောင်စသော နယ်မြေများကို အုပ်ချုပ်ရသူများသည် လက်အောက်ခံမင်းငယ်များအဖြစ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိကြသည်။ ထီးဖြူနှင့်မကိုဋ်သရဖူဆောင်းခွင့်ရကြသည်။
ခြောက်လတကြိမ်၊ တနှစ်တကြိမ်စသည်ဖြင့် ဘုရင့်ညီလာခံသို့တက်ကြရ သည်။ ဆက်သမြဲအခွန်ဘဏ္ဍာဆက်ရသည်။
စစ်သားများလိုသည့်အခါ စစ်သားစုဆောင်းပေးရသည်။ အသေးအဖွဲအမှုများကို
စီရင်ပိုင်ခွင့်ရှိသည်။ သေ ဒဏ်အမိန့်ကို ဘုရင်မှလွဲ၍ မည်သူကမျှမပေးနိုင်။
ဘုရင့်သားတော်ပင် မပေးနိုင်ချေ။ ဘုရင်က အနယ်နယ်အရပ်ရပ်တွင် ဘုရင်၏နားမျက်စိဆိုသော
သူလျှိုများလွှတ်ထားသည်။ လက်အောက်ခံမြို့စားနယ်စားတို့၏ ဆောင်ရွက်ချက်များကို
လျှို့ဝှက်အစီရင်ခံရသည်။ မြို့တော်တွင်ပုံမှန်ညီလာခံများကျင့်ပ သည့်အပြင်၊
အဝေးရောက်ဘုရင်ခံနှင့်မြို့စားများတက်ရောက်ရသော အထူးညီလာခံများရှိလေသည်။
ဓမ္မသတ်ကျမ်းများ ဓမ္မသတ်ကျမ်းများ ဓမ္မသတ်ကျမ်းများ
ဓမ္မသတ်ကျမ်းများ--
ရခိုင်ပြည်တွင် အိန္ဒိယမှရရှိသော မနုဓမ္မသတ်ကျမ်းနှင့်
ရာဇနီတိကျမ်းများကိုအသုံးပြုသည်။ ရာဇနီတိကျမ်းကိုမှီး၍ ရာဇပျို့ဆိုသော
မင်းကျင့်ဝတ်ပျို့တ စောင်ကို မဟာသက်တော်ရှည်အမတ်ကြီးတဦးက ပြုစုခဲ့သည်။
ယင်းပျို့တွင် “ပြည်ကြီးဝန်ကို
အိုးတန်ဆန်ခပ်၊ မင်းကျင့်ဝတ်နှင့်၊ လျှောက်ပတ်သင့်စွာ၊ စီရင်ရာသည်။” ဟူ၍လည်းကောင်း၊
“ရေမြေသနင်း၊
မင်းတို့ကျင့်သုံး၊ ရှေးထုံးမသုန်၊ ရာဇဂုဏ်မြတ်၊ န၀ရတ်ကိုးခိုင်၊ မဏ္ဍိုင်မပျက်၊
မင်းလက်နက်တည့်၊
ေ၀၀က်စိတ်ဖြာ၊ မလိမ္မာငြား၊ သူမိုင်သားကို၊ မှား၍ပြည်ရှင်၊
သူကောင်းတင်လျှက်၊ တိုင်းခွင်ခရိုင်၊ အပိုင်ကံကျွေး၊ မင်းခွင့်ပေး၍၊ မှူးရေးမတ်ရာ၊
နှင်းအပ်ပါ မူ၊ ပဇာကျိုးရှိ၊ နွမ်းရိသတ္တ၀ါ၊ မြို့ရွာတုန်လှုပ်၊ မင်းကျိုးယုတ်၏။
စက်ဆုပ်သဖွယ်၊ ပျက်ရယ်တ န္တု၊ ပြည်မှုရှုပ်ထွေး၊ တိုင်းဝေးတပါး၊ စကားမတည်၊ အရှည်မ
ကောင်း၊ ဗူးတောင်းပမာ၊ မိစ္ဆာငှက်ဆိုး၊ လင်ကောင်ပိုးသို့၊ ဆိုရိုးတချက်၊ ကြွက်နှင့်မြွေတူ၊
သူ့မူမဖျောက်၊ မျောက်နှင့်မြေခွေး၊ ဆိုရေးတသီး၊ ကျီးနှင့်စက် တူ၊ အမူယုတ်သွမ်း၊
သူကန်းအကြံ၊ လောဘလျှံသည်၊ မင်းထံနီးစပ် မသုံးအပ်။” စသည်ဖြင့် ဖြစ်သည်။
မင်းဘာကြီးလက်ထက်တွင် ဆရာမြ၀ါသည်
အဂ္ဂမုနိဆရာတော်နှင့်တိုင်ပင်၍ မနုဓမ္မသတ်ကျမ်းကိုအခြေခံလျက် ရွှေမျဉ်းဓမ္မသတ်ကျမ်းကို
ရေးသည်။ ထို နောက် တိုင်း၁၂-တိုင်းမှ ပညာရှင်များ နန်းတော်သို့ပင့်ဖိတ်ပြီး
ဝေဖန်ဆွေးနွေး ဖြည့်စွက်စေသည်။ ထိုသို့ပြုပြင်ပြီးမှ အတည်ပြုပြဌာန်းသည်။
ရှေးဓမ္မသတ်ကျမ်းများမှားယွင်းနေလျှင်
ပြင်ဆင်ဆုံးဖြတ်သည့်ထုံးများ ရှိပါသည်။ တရံရောအခါ မိုးစည်းကျွန်း(ယခု
ရေနံရှာဖွေနေရာ) မှ သူဌေးခွန်သာ ကြီးသေလွန်၍ ပဌမဇနီးမှ သားငါးယောက်၊ ဒုတိယဇနီးမှ
သမီးနှစ်ယောက် အမွေလုကြရာ ပြည်စိုးကြီးရုံး၊ အမတ်တရားသူကြီး လေးဦးရုံးတို့တွင်
မပြီး ပြတ်ဘဲ ဘုရင့်ထံတက်လာခဲ့သည်။ မဟာပညာကျော်အား ဆုံးဖြတ်ခိုင်းရာ မဟာပညာကျော်က
တရားသူကြီးများသည် ရှေးဓမ္မသတ်များအတိုင်းအမွေနိမ့် မြင့်ခွဲယူစေဟု စီရင်သည်မှာ
မသင့်။ အချို့ဓမ္မသတ်များသည် ခေတ်နှင့်မလျော်ဟုဆိုကာ မယားပြိုင်မှပေါက်ဖွားသော
သားသမီးများကို အညီအမျှဝေယူ စေလေသည်။ ယခုခေတ်စီရင်ထုံးများ၏
ရှေါ်ပြေးဟုဆိုရမလောက်ပင်။ [ [[ [မနုကျယ်ဓမ္မသတ်ကျမ်း၊ မနုကျယ်ဓမ္မသတ်ကျမ်း၊
မနုကျယ်ဓမ္မသတ်ကျမ်း၊ မနုကျယ်ဓမ္မသတ်ကျမ်း၊
ရိချတ်ဆင်ဘာသာပြန်မူ၊ အင်္ဂလိပ်တဖက် ရိချတ်ဆင်ဘာသာပြန်မူ၊ အင်္ဂလိပ်တဖက်
ရိချတ်ဆင်ဘာသာပြန်မူ၊ အင်္ဂလိပ်တဖက် ရိချတ်ဆင်ဘာသာပြန်မူ၊ အင်္ဂလိပ်တဖက်--မြန်မာတ ဖက်
မြန်မာတ ဖက် မြန်မာတ ဖက် မြန်မာတ ဖက်] ]] ] ကို ဟံသာဝတီတိုက်မှ မရိုက်နှိပ်မှီ
ခရစ်နှစ် ၁၈၆၀-ပြည့်ခန့်က “Aracan
Press” “Aracan Press” “Aracan Press” “Aracan Press”၊ စစ်တွေတွင်
ရိုက်နှိပ်ခဲ့သည်။
ရှေးခေတ် ရခိုင်ပြည်စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်း၍
ရခိုင်ပြည်တွင် ကာလအတန်ကြာအောင် နေထိုင်ခဲ့ပြီး ရခိုင်ပြည်အကြောင်း စာအုပ်များရေးသားခဲ့သော
မော်ရစ်ကောလစ်က “ထိုအချိန်က
အုပ်ချုပ်ရေးစနစ်မှာ ပြည့်စုံလုံလောက်ပေသည်။(စနစ်ကျပေသည်။)
ထိုအချိန်မျိုးကတည်ရှိမြဲဖြစ်သော လတ်ပေးလတ် ယူမကင်းသော်လည်း အုပ်ချုပ်မှုတွင်
တရားဥပဒေကိုလက်ကိုင်ထားသည်။ လူတို့၏အသက်စည်းစိမ်မှာ ပြောပလောက်အောင်
လုံခြုံမှုရှိပေသည်ဟု မှတ် ချက်ချခဲ့သည်။
(ယစ်မျိုးဓမ္မာရုံ။
ရွှေတိဂုံဘုရား ဓမ္မာရုံ၌ ဦးသာညွန့် ဟောပြောသောစာတမ်း။) ၁၃/၀၅/၂၀၁၀
နေ့ပြန်လည်ရေးကူးပြီးသည်။
No comments:
Post a Comment