We Love Our Arakan Lands & All Of Arakanese People Deeply . All be OK !
Tuesday, July 25, 2017
Tuesday, July 18, 2017
လေးမြို့ခေတ်ဖွဲ့ ရခိုင်သာစွလေကဗျာများ
၁ ။
သာစွလေ ။ ။ ပြည်ရွှေမဏ္ဍလာ ၊ ရက္ခာပူရ ၊ တိုင်းဓညဟု ၊ နာမသညီ ၊ သောင်းရပ်မြီထက် ၊ ရှေ့ဆီပြုဗ္ဗာ ၊ အာကာမှီဆိုင်း ၊ တောင်ပြိုင်ပြိုင်းနှင့် ၊ ပြည့်လှိုင်းကြက်သရေ ၊ ဖြိုးဖြိုးဝေသား ၊ အောင်မြေသာခံ ၊ ရို့နိုင်ငံလျှင် ၊ အင်ကြင်ဖုံဖုံ ၊ ပြီးပြည့်စုံ၍ ၊ ပေါင်းဆုံဝတီ ၊ လေးရပ်ညီနှင့် ၊ နဒီလေးစင်း ၊ စုံစီးဆင်းလျက် ၊ ခပင်းရန်သူ ၊ မဖြူကင်းဝေး ၊ ရေယောင်အေး၍ ၊ ဝေးနီးပြည်ရွာ ၊ ရပ်ဒေသာက ၊ ကဏ္ဏာများမြောင် ၊ ဆက်ပို့ဆောင်သား ၊ မြရောင်စိုရွှန်း ၊ ဇဗ္ဗူကျွန်းဝယ် ၊ တည်ထွန်းသာသနာ ၊ သင်္ချာများမြောင် ၊ နှစ်ငါးထောင်တည် ၊ စေ့အောင်တည်ရာ ၊ ဗျာဒိတ်မှာသည် ၊ ရက္ခာမဏ္ဍိုင် ၊ ရက္ခိုင်သား ယောင် ၊ သာယာစွလေ ။ သာစွလေ ၊ ရက္ခိုင်သားလေ …. သာစွလေ ။
၂ ။ သာစွလေ ။ ။ ရွှေပြည်ရက္ခာ ၊ မြကျွန်းသာထက် ၊ ဓညာမြို့ကြီး ၊ စည်နှင့်ထီးကို ၊ ပြီးစီးခန့်ရှည်၊ ဦးစွာတည်သည့် ၊ ခေါ်တွင်မည်ပြု ၊ မာရယုနှင့် ၊ မင်းစုစဉ်ဆက် ၊ နွယ်မပျက်ဘဲ ၊ ဖွင့်လျက်ထီးဖြူ ၊ ကြငှာန်း ထူးသား ၊ များလူတကာ ၊ ဦးညွတ်ရာသည် ၊ စန္ဒာသူရိယ ၊ မင်းလှရာဇာ ၊ စိုးသောခါဝယ် ၊ မြတ်စွာဗုဒ္ဓ ၊ ပြည်ဓညသို့ ၊ ချီကြွပြီးမှ ၊ ဝေနေယျအား ၊ မေတ္တာပွါး၍ ၊ တရားရေအေး ၊ အမြိုက်ဆေးကို ၊ တိုက်ကျွေးမှ လျှင် ၊ ပြန်လေကျင်၍ ၊ ရပ်ခွင်အားလုံး ၊ မေတ္တာဖုံးသည် ၊ ကျွန်းလုံးမဏ္ဍိုင် ၊ ရခိုင်သားယောင် ၊ သာစွလေ ။ ရက္ခိုင်သားလေး ……. သာစွလေ ။
၃ ။ သာစွလေ ။ ။ ပြည်ရွှေအောင်ချာ ၊ မြို့ဝေသာဟု ၊ ခေါ်တွင်ပြုထ ၊ ပြည်ချက်မကို ၊ စိုးရသနင်း ၊ အမင်းမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ဘုန်းအာဏာနှင့် ၊ မဟာသူရိယ ၊ စန္ဒာရဟု ၊ နာမဘွဲ့ထူ ၊ ရှစ်စင်းလူ၍ ၊ ကြီးထူတေဇာ ၊ စောနရာလျှင် ၊ ရိန္ဒမာလှံ ၊ မိုးဝယ်ပျံနှင့် ၊ ဆဒ္ဒန်ဆင်လှ ၊ စိုးပိုင်ရပြီး ၊ အံ့ချီးဖွယ်ရာ ၊ ရတနာ မိုး ၊ ရွာသွန်းဖြိုးခဲ့ ၊ ဆင့်တိုးတဖြာ ၊ သာသနာလျှင် ၊ ရောင်ဝါနေသို့ ၊ တောက်ထွန်းမြို့ရှင် ၊ ဆောင်ပို့ခမာ ၊ နိဗ္ဗူတာသို့ ၊ သွားရာစခန်း ၊ တူလှလွန်းသည် ၊ တည်ထွန်းမဏ္ဍိုင် ၊ ရခိုင်သားယောင် ၊ သာယာစွလေ ၊ သာစွလေ ။ ရက္ခိုင်သားလေ … သာစွလေ ။
၎ ။ သာစွလေ ။ ။ ပြည်ရွှေအောင်မျို့ ၊ ဝေသာမြို့ဝယ် ၊ ပိတ်ဆို့မှိုင်းအိ ၊ တန်ခိုးဟိသည် ၊ ဘုမ္မိရွှေ တောင် ၊ ဗွေထိပ်ခေါင်ကို ၊ ညီအောင်ပြုခါ ၊ မြတ်နေဇာဖြင့် ၊ စန္ဒာသီရိ ၊ ဘွဲ့မည်ရှိသည့် ၊ ကြီးဘိစွမ်းအင် ၊ ထိုဘုရင်လျှင် ၊ ကြယ်စင်သာသနာ ၊ တည်စိမ့်ငှာဟု ၊ သင်္ဂါယနာ ၊ ထပ်တင်ပါက ၊ စူဠာရေဝ ၊ နာယကတည့် ၊ ဓမ္မသဘင် ၊ ပွဲလယ်ခွင်၌ ၊ အသွင်ကေသရ ၊ ဝင့်ဝါရဲရင့် ၊ ဂုဏ်သိရ်တင့်ခဲ့ ၊ ထပ်ဆင့်၍သာ ၊ ထိုရာဇာပင် ၊ ကောဇာတွင်လစ် ၊ သက္ကရာဇ်ကို ၊ ခေါ်ဆိုဥတ္တမ ၊ ဖြိုကိန်းကျ၍ ၊ ခ ဆ ပဉ္စာ ၊ ကိန်းသင်္ချာနှင့် ၊ ညီစွာမသွယ် ၊ ဖြိုလိုက်လေသည် ၊။ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရခိုင်သားယောင် ၊ သာယာစွလေ ၊ သာစွလေ ။ ရက္ခိုင်သားလေ …. သာစွလေ ။
၅ ။ သာစွလေ ။ ။ ပြည်ရွှေဝေသာ ၊ နောက်မှာတစ်ဖြာ ၊ စူဠာစန္ဒရား ၊ မင်း၏သားလျှင် ၊ လူများခေါ် တွင် ၊ ငမင်ငဲတုံး ။ လူထိပ်ဖုံးကား ၊ လက်ရုံးထက်မြက် ၊ စမ္ပဝက်ကို ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးက ၊ မိုးကြိုး ကန်သာ ၊ ရေအောက်မှာ၌ ၊ ရောက်လာနဂါး ၊ စောင့်ကာထား၍ ၊ သိကြားပေသည် ၊ ပိတောက်စည်လည်း ၊ တီးမြည်သံကြောင့် ၊ ပုဂံထွားညက် ၊ ရှမ်းလည်းပျက်ဟု ၊ ရှေးဆက်စကား ၊ ဆင့်ဆင့်ကြားခဲ့ ၊ ကြီးမားတေဇာ၊ ရှင့်အာဏာကား ၊ တစ်ကမ္ဘာလုံး ၊ ဝှန်းယက်ခြုန်းသည် ၊ မြတ်ဘုန်းမဏ္ဍိုင် ၊ ရခိုင်သားယောင် ၊ သာယာစွလေ ၊ သာစွလေ ။ ရက္ခိုင်သားလေ …….. သာစွလေ ။
၆ ။ သာစွလေ ။ ။ ရွှေပြည်သာယာ ၊ မြို့ပဉ္စာထက် ၊ စိုးလာသည့်မင်း
၊ ခေတ္တသင်းဟု ၊ ထန်ပြင်း တေဇာ ၊ ဘုန်းပညာကြောင့် ၊ ပြည်ရွာအစိုး ၊ ရေခမိုးသို့ ၊ အေးလို့ငြိမ်ငြိမ်
၊ ထက်ဝတိန်နှင့် ၊ စံချိန်တစ်နှုန်း ၊ ပျော်မဆုံးအောင် ၊ ရှင်ဘုန်းထက်ဝှန် ၊ ပြည့်စုံလွန်ခဲ့
၊ တစ်တန်သာသနာ ၊ ပြည်ရွာမှာကား ၊ ဖန်ဝါအရောင် ၊ ထွန်းလင်းပြောင်ခဲ့ ၊ ဦးဆောင်ဗန္ဓဝ
၊ ကောဏ္ဍညနှင့် ၊ နောက်မှစဉ်ဆက် ၊ မပျက်စိုက်စိုက် ၊ ထပ်ချပ်လိုက် သည် ၊ စရိုက်ဘာသာ ၊
သာသနာ၏ ၊ ကောင်းရအကျိုး ၊ ထမ်းဆောင်ပိုးသည် ၊ အကျိုးမျှော်ထ ၊ နန္ဒိယနှင့် ၊ ပဒုမအရှင်
၊ ပေါ်ထင်ရဟန္တာ ၊ မြတ်သံဃာတို့ ၊ ပဉ္စာမြို့ထက် ၊ ထွန်းပေါ်ထွက်သည် ၊ မျိုးဆက်မဏ္ဍိုင် ၊
ရက္ခိုင်သားယောင် ၊ သာစွလေ ။ ရက္ခိုင်သားလေ …. သာစွလေ ။
၇ ။ သာစွလေ ။ ။ ပြည်ရွှေစမ္ပဝက် ၊ ယင်းပြည်ထက်တွင် ၊ မင်းဆက်တစ်ဆယ်
၊ စိုးခါဝယ်၌ ၊ ကြံစည်လှည့်ပတ် ၊ ပုန်ကန်သတ်၍ ၊ အမတ်သင်္ခယာ ၊ မည်သာတစ်ချက် ၊ ဝရောင်းငှက်ဟု
၊ သုံးဆက်စိုးကာ ၊ မင်းပြုလာ၏ ။ ထိုချိန်ခါဝယ် ၊ မျိုးနွယ်သကျ ၊ မင်းရဲဘယ ၊ ပေါက်ညိုမြနှင့်
၊ ချီကြွရှေ့ ပြည် ၊ ဆွေနှစ်မည်တွင် ၊ သားသည်တစိုက် ၊ ဖွားမြင်လိုက်သည် ၊ ရင်နှစ်သည်းချာ
၊ ရွှေကူသာနှင့် ၊ လင်္ကျာမင်းနန် ၊ နန်းရိုးမှန်လျှင် ၊ တဖန်မြို့သစ် ၊ တည်ထောင်လှစ်က
၊ နှစ်ချစ်ပြည်သူ ၊ စိတ်ကြည်ဖြူ၍ ၊ မှတ်ယူတသီး ၊ နန်းရွှေထီးကား ၊ အံ့ချီးဂုဏ်သိရ် ၊
မြို့ပရိန်ဟု ၊ ကျော်ရှိန်မိုးဝှန်း ၊ အံ့မခန်းသည် ၊ သစ်ဆန်း မဏ္ဍိုင် ၊ ရက္ခိုင်သားလေ
၊ သာစွလေ ။
၈ ။ သာစွလေ ။ ။ ပြည်ရွှေဘုန်းတန်း ၊ နေနှယ်ထွန်း၍ ၊ မြကျွန်းဇမ္ဗူ
၊ သောင်းရပ်ငူထက် ၊ ဆူဆူမင်းတို့ ၊ ခွန်းဆက်ပို့သား ၊ နတ်ဘုံနှယ်သို့ ၊ မျိုးနွယ်မပျက်
၊ မင်းဆက်ဆက်လျှင် ၊ ဖြူရွက်ဖြန့်မိုး ၊ ပိုင်လာစိုးက ၊ တန်ခိုးကြီးဘိ ၊ မင်းကောလိယ
၊ ထိုရာဇလျှင် ၊ ငရကောက်မော် ၊ တောင်ကုန်းပေါ်ထက် ၊ ရုပ်ရှင်တော်ကြီး ၊ မဟာထီးကို ၊
တည်ပြီးကိုးကွယ် ၊ နိဗ္ဗာန်ရွယ်သည် ၊ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရက္ခိုင်သားယောင့် ၊ သာယာစွလေ
၊ သာစွလေ ။ ရက္ခိုင်သားလေ …. သာစွလေ ။
၉ ။ သာစွလေ ။ ပြည်ရွှေဘုန်းလူ ၊ ကျွန်းဇမ္ဗူထက် ၊ ထီးဖြူကြက်၍
၊ မင်းဆက်စဉ်လာ ၊ ဒသရာဟု၊ မဟာနွယ်မျိုး ၊ မင်းလျှင်စိုးက ၊ တန်ခိုးမိုးဝှန် ၊ ဘုန်းတော်လွန်၍
၊ အပ်နှံသိကြား ၊ လေးနှင့်မြားကို ၊ လျင်လျားမကြာ ၊ ပေးဆက်ပါက ၊ ဒီပါကျွန်းခွင် ၊ မင်းလျှင်အစစ်
၊ ဧကရာဇ်ဟု ၊ တွင်ရစ်ဥဒါန်း ၊ အမည်ထွန်း၍ ၊ ထီးနန်းရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ လွန်ချမ်းသာခဲ့
၊ တစ်ဖြာနဂရ ၊ ပြည်ချက်မ၌ ၊ တန္တမုဒိန်း ၊ မှုခပ်သိမ်းလည်း ၊ ကင်းငြိမ်းရှင်းရှင်း ၊
ရွှေပြည်တွင်းဝယ် ၊ သီတင်းသီလ ၊ စောင့်ထအမြဲ ၊ ရာသီပွဲလည်း ၊ ဆင်နွှဲခါခါ ၊ မမခြားလည်း
၊ ရာဇာမင်းလှ ၊ နရိန္ဒလည်း ၊ ရာဇဘိသေကံ ၊ ဘိသိက်ခံ၍ ၊ တရံကောင်းမှု ၊ ကုသိုလ်ပြုသည် ၊
ပေါင်းစုကြည်ဖြူ ၊ များဗိုလ်လူနှင့် ၊ ပြည်သူခပင်း ၊ ဦးညွတ်ခြင်းငှာ ၊ မဟာမုနိ ၊ ကြီးဘိဘုန်းတော်
၊ မြတ်ရှင်ကျော်ကို ၊ သင့်လျော်နေရာ ၊ မြတ်ကုန်းသာ၌ ၊ ထပ်ကာတည်ထား ၊ ကုသိုလ်ပွါးသည်
၊ စည်ကားမဏ္ဍိုင် ၊ ရက္ခိုင်သာယောင့် ၊ သာစွလေ ။ ရက္ခိုင်သားလေ … သာစွလေ ။
၁၀ ။ သာစွလေ ။ ။ ပြည်ရွှေလောင်းကြက် ၊ ဘုမ္မချက်ဝယ် ၊ ဘုန်းကြက်သရေ
၊ မိုးနှယ်စွေသား ၊ မျိုးနွယ်မပျက် ၊ စဉ်လာဆက်၍ ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးသည်
၊ တန်ခိုးစွမ်းအင် ၊ ရို့ပြည်ရှင်ကား ၊ ခေါ်တွင်မင်းထီး ၊ ဘုန်းကြီးလွန်ကျော် ၊ လွန်ထင်ပေါ်သား
၊ တေဇော်ထန်ပြင်း ၊ အမင်းမင်း၏ ၊ ဦးကင်းထက်ဝယ် ၊ စိုးအုပ်လောက ၊ နောက်ပြည်ဘင်္ဂါ ၊ ဆယ့်နှစ်ရွာလည်း
၊ ပိုင်ကာသိမ်းသွင်း ၊ ဂုဏ်ရောင် လင်းခဲ့ ၊ တသင်းသီရာ ၊ အရှေ့မှာကား ၊ မိစ္ဆာဂီရိ ၊
သရက်ထိလျှင် ၊ ကြီးဘိအာဏာ ၊ လွှမ်းမိုးပါ၏ ။ ဆင်မှာ ဖြူလွှ ၊ ဆဒ္ဒန္တနွယ် ၊ ပိုင်ရစိုးလျက်
၊ အဖိုးထိုက်နက် ၊ ငရဲခက်ဟု ၊ လှံချက်တစ်ရာ ၊ ကာနိုင်စွာသား ၊ မြေသာ အောင်ရပ် ၊ လွန်သိတတ်ခဲ့
၊ အချင်းမှတ်ရာ ၊ သာသနာလျှင် ၊ ရောင်ဝါနေသို့ ၊ တောက်ထွန်းမြို့၍ ၊ ဆောင်ပို့မှန်စွာ
၊ ပြည်နိဗ္ဗာသို့ ၊ သွားရာစခန်း ၊ တူလှလွန်းခဲ့ ၊ ပြည့်လျှမ်းသဒ္ဒါ ၊ စေတနာဖြင့် ၊ မြတ်စွာဗုဒ္ဓ
၊ သရီရဓာတ် ၊ ကိန်းဝပ်စံပျော် ၊ စေတီတော်နှင့် ၊ သုံးဖော်သာသနာ ၊ ထွန်းစိမ့်ငှာဟု ၊
ပြည်ရွာအတွင်း ၊ ဘေးမျိုးကင်း၍ ၊ ခပင်းပြည်သူ ၊ ဆောင်းဆုယူရန် ၊ ဆူဆူဘုရား ၊ တည်လက်ထားသည်
၊ ထွန်းကားမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ။ ရက္ခိုင်သားလေ ……… သာစွလေ ။
၁၁ ။ သာစွလေ ။ ။ ပြည်ရွှေဘုံသာ ၊ တိုင်းရက္ခာ၌ ၊ တေဇာရှိန်ပြင်း
၊ တရားမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ခံထိုက်စွာသား ၊ မဟာနရိန် ၊ မင်းရာဇိန်တို့ ၊ ကြိမ်ကြိမ်ထပ်ထပ်
၊ စိုးပိုင်လတ်၍ ၊ နွယ်မြတ်စဉ်လာ ၊ ကမ္ဘာ တလျောက် ၊ မပျောက်မတိန် ၊ မျိုးမမှန်ဘဲ ၊ ဒေဝိန်ပြည်နှုန်း
၊ ပျော်မဆုံးအောင် ၊ ရွှင်ပြုံးပြည်သူ ၊ စိတ်ကြည် ဖြူ၍ ၊ ဆူဆူဘုရား ၊ တည်လျက်ထားက ၊
အဉ္ဇနာနဒီ ၊ခေါ်ညီတွင်ထ ၊ ထိုမြစ်မ၏ ၊ ကမ်းစနဖူး ၊ မြေသန့် ထူးဝယ် ၊ ကျွန်းဦးမည်ခေါ်
၊ သောင်းခေါင်မော်နှင့် ၊ ဓာတ်တော်ပါးပျိုင်း ၊ အံ့လှိုင်းဦးခိုင် ၊ တက်မကိုင်လည်း၊
ဘုန်းလူထင်ပေါ် ၊ လက်မတော်ဟု ၊ တွင်ခေါ်တလီ ၊ ပါးရီနားရီ ၊ မြတ်စေတီတို့ ၊ အညီသင့်ခေလျာ်
၊ တည် လတ်သော်က ၊ ဖူးမြော်လူများ ၊ ကုသိုလ်ပွါခဲ့ ၊ တစ်ခြားမှတ်ရာ ၊ လေးမြို့မှာကား
၊ ဦးစွာစမ္ပဝက် ၊ တစ်ချက် ပဉ္စာ ၊ မည်သာကျော်ရှိန် ၊ မြို့ပရိန်နှင့် ၊ မမှိန်ထင်ရှား
၊ ထပ်ဆင့်ပွားသည် ၊ တစ်ခြားလောင်းကြက် ၊ ဂုဏ်သိရ်တက်ခဲ့ ၊ ပြည်ထက်နဂိုရ် ၊ မှီခိုသူများ
၊ စဉ်လာမှားသည် ၊ နွားလားသင်းစု ၊ ခုနစ်ခုမွေး ၊ သင်္ချာရေးသော် ၊ အံ့ငေးစရာ ၊ ပြည်ရက္ခာသည်
၊ သာသနာမဏ္ဍိုင် ၊ ရက္ခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရက္ခိုင်သားလေ ….. သာစွလေ ။
မှတ်ချက် ။ ။ စူဠရေဝ = သင်္ဂါယနာတင်ရာ၌ နာယကဦးဆောင်ဖြစ်သည်
။
ဥတ္တမကိန်း = ၅၆၀ ခုနှစ် ၊ ပိဋကတ်သင်္ချာနည်းအရ ကောက်ယူသည်
။
ရေခမိုး = ရေချမ်းအိုးဟူလို ။
ငရဲခက် = မင်းထီးဘုရင်၏ စီးတော်ဆင်ဖြူဖြစ်သည်
။
နွားလားသင်းစု ၊ ခုနစ်ခုမွေး = ၇၄၆၃၂၇၂၅ ယောက် ၊
ရှေးခေတ်ရခိုင်ပြည်၏ လူဦးရေ ၊ ဘင်္ဂလားနယ်အပါအဝင် ခုနစ်ကုဋေ ( သန်း ၇၀ ) ကျော် ဖြစ်သည်
။
Ref : ရခိုင်သမိုင်းခေတ်ကာလပိုင်းခြားမှု
မြေကြီးကသက်သေတည်သရွေ့ ၊ ( ဦးရွှေဇံ )
Subscribe to:
Posts (Atom)
-
လက်ရှိ ရက္ခိုင်တပ်မတော်( AA) ၏ စစ်ဦးစီးချုပ်နှင့် တည်ထောင်သူ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဦးရွှေမြအောင်နှင့် ဒေါ်မမြသန်းတို့မှ စစ်...
-
ဆရာကြီး ဦးကျော်ရင်ကို သံတွဲမြို့ ကမ်းနားလမ်း၌ မြန်မာသက္ကရာဇ် ၃၂၇၈ ခု၊ နတ်တော်လဆန်း ၁၃ ရက်၊ ခရစ်နှစ် ၁၉၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက် ကြာသပတေးေ...
-
ရခိုင့်ရှီးဟောင်းစာပီစာရင်း Credit : # ရခိုင့်တန်ဆောင် ✳ ရခိုင်ရာဇဝင်များ ၁.ဗျာသတ်ရာဇဝင် (ပီ=အမျိုးသားပြတိုက်၊လန်ဒန်) ၂.ဝိမလရ...