Sunday, May 28, 2017

ရခိုင့်ညီလာခံများ

ရခိုင့်ညီလာခံများ



ရခိုင်လူထုပါဝင်ခဲ့သော ညီလာခံများတွင် စစ်ကြို ခေတ်၌ မင်းပြားညီလာခံ၊ ပေါက်တောညီလာခံ၊ ကျောက်တော်ညီလာခံ များ၊ စစ်ပြီးစတွင် တောကန်ညီလာခံ၊ မြေပုံညီလာခံများ ၂၁-ရာစုတွင် ရသေ့တောင်ညီလာခံ၊ တောင်ကုတ်ညီလာခံနှင့် ကျောက်ဖြူညီလာခံတို့ သည် အထူးထင်ရှားသည်။
 
မင်းပြားညီလာခံ
စစ်ကြိုခေတ်တွင် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်း သားအစည်းအရုံး (ယင်း-ရှု)၏ပထမညီလာခံကို မင်းပြားမြို့၌ ၁၉၃၉ -ခုနှစ် မေ ၂ မှ ၃ ရက်အထိ ကျင်းပခဲ့ကြသည်။  ဤညီလာခံတွင် အစည်းအရုံး၏အမည်ကို ရခိုင်တိုင်းရင်းသားအစည်းအရုံး အဖြစ် ပြောင်းလဲခဲ့သည်။
ပေါက်တောညီလာခံ
စစ်ကြိုခေတ် ရခိုင်နိုင်ငံရေးအင်အားစုများက ပေါက်တောမြို့၌ ၁၉၄၀ပြည့်နှစ် မေလတွင် ကျင်းပခဲ့သည်။ ဤညီလာ ခံတွင် ရခိုင်တိုင်းရင်းသားအစည်းအရုံး (ယင်း-ရှု)နှင့် ရခိုင်တိုင်းလုံး ဆိုင်ရာကြီးပွားရေးအဖွဲ့ချုပ် တို့ပူးပေါင်းကြပြီးရခိုင်တိုင်းလုံးဆိုင်ရာတိုင်းရင်းသားအစည်းအရုံး အဖြစ် ဖွဲ့စည်းခဲ့ကြသည်။
ကျောက်တော်ညီလာခံ
တညီတညွတ်တည်းဖြစ်သွားသော ရခိုင်တိုင်း လုံးဆိုင်ရာတိုင်းရင်းသား အစည်းအရုံးမှ ကျောက်တော်မြို့တွင် ၁၉၄၁ -ခုမေလ၌ ခမ်းနားစွာကျင်းပခဲ့သည်။ ရခိုင်နိုင်ငံရေး အင်အားစုတို့ နိုင်ငံရေး အသွင်ပို၍ဆောင်လာခဲ့သည်။ ၁၉၄၂-ခုတွင် ရသေ့တောင် ညီလာခံကို ကျင်းပရန်ဆုံးဖြတ်ခဲ့ သော်လည်း ဒုတိယကမ္ဘာစစ်ကြောင့် အထမမြောက်ခဲ့ချေ။
တောကန်ညီလာခံ
၁၉၄၆ခုနှစ် ဧပြီ ၇ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ် ရေးအတွက် ရခိုင်ဖဆပလတို့က စစ်တွေမြို့နယ် တောကန်အရပ်၌ ကျင်းပသည့်ညီလာခံ ဖြစ်သည်။
မြေပုံညီလာခံ
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇-ခု ဧပြီလ ၁-ရက်၌  တော်လှန်ရေးသမားများဦးစီးကာ  မြေပုံမြို့နယ်  ကြာအင်း တောင်၌ ကျင်းပခဲ့သည့် နိုင်ငံရေးညီလာခံကြီး ဖြစ်သည်။ တောကန် ညီလာခံ ပြီးနောက် ပေါ်လာခြင်း ဖြစ်သည်။
ရသေ့တောင်ညီလာခံ
၂၀၁၂ခုနှစ်ဇွန်လ ကုလား-ရခိုင်အဓိကရုဏ်းဖြစ်ပြီးနောက်ရခိုင်လူထုတစ်ရပ်လုံးမှရသေ့တောင်မြို့တွင် ၂၀၁၂ခု စက်တင်ဘာ ၂၅နှင့် ၂၆ ရက်တို့၌ စုဝေးတွေ့ဆုံကြပြီး ဆုံးဖြတ်ခဲ့ကြ သည်။ နိုင်ငံတော်အစိုးရသို့ တောင်းဆိုချက်များတွင် ဘင်္ဂလီအရေး၊ရခိုင်လုံခြုံရေး၊ရခိုင်ဒေသတိုးတက်ရေးများ  ပါဝင်သည်။ ရခိုင်နှင့် ဘင်္ဂလီအတူယှဉ်တွဲ နေထိုင်ခြင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် အိုအိုင်စီရုံး ဖွင့်ခြင်းနှင့် ဘင်္ဂလီတို့က လူမျိုးတမျိုးအမည်သစ်သီးခြား ခံခြင်းတို့ကို လုံးဝကန့်ကွက်ခဲ့ကြသည်။ ရခိုင်အကျိုး အတွက် ကိုယ်စားပြုပါတီများ သည် မကွဲပြားကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရခိုင်လူမျိုးအသင်း အဖွဲ့အစည်းတို့သည်အချင်းချင်းချိတ်ဆက်ဆောင်ရွက်ရန်အကြံပြုချက်ခဲ့ကြသည်။ ဤညီလာခံသည် ၂၁ရာစုတွင် ပထမဦးဆုံး နိုင်ငံရေး အသွင်ဆောင်သော ရခိုင်ညီလာခံဖြစ်သည်။
တောင်ကုတ်ညီလာခံ
ရခိုင် ၁၈ မြို့နယ်မှ ရခိုင်လူမှုအဖွဲ့အစည်းများ သည် ၂၀၁၂-ခုနှစ် ဒီဇင်ဘာ ၁၅နှင့် ၁၆ ရက်တို့တွင် တောင်ကုတ်မြို့ ၌ ကျင်းပသည့် ရခိုင်လူမှုကွန်ရက်ညီလာခံ ဖြစ်သည်။ ဘင်္ဂလီတို့က ဒေသခံရခိုင်များအပေါ် နယ်မြေလုအကြမ်းဖက်မှုအရေး၊ ရခိုင်ဒေသခံ တို့၏ဆန္ဒကို အရေးထားရေး၊ ပြည်နယ်တွင်း နိုင်ငံတကာ အထောက် အပံ့အဖွဲ့များ တည့်မတ်ရေးနှင့် ရခိုင်သယံဇာတထုတ်ယူခွဲဝေ သုံးစွဲမှု  မျှတရေးတို့ကို ဆွေးနွေးဆုံးဖြတ်ကြသည်။
ကျောက်ဖြူညီလာခ
ရခိုင်တို့၏ (လုံခြုံ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးရန်} ရည်ရွယ် ချက်များဖြင့် ၂၀၁၄ခုနှစ် ဧပြီ ၂၇ ရက်မှ မေ ၁ ရက်နေ့ထိ ၅ ရက် တိုင်တိုင် ကျောက်ဖြူမြို့တွင် ကျင်းပခဲ့သည်။ ဤညီလာခံသို့  ရခိုင်  ပြည်နယ်တွင်း၊ ပြည်နယ်ပတို့မှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊  လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ သင်္ဃာတော်များ၊ အမျိုး သမီးနှင့်လူငယ်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရခိုင် မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ နိုင်ငံတော် အကြီး အကဲများ၊ သံတမန်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၁၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။ ရခိုင် ရေးရာမူဝါဒများအတွက် အချက်ပေါင်း ၉၁ချက်ကို ဘုံသဘောထား ရပ်တည်ချက်များအဖြစ် ချမှတ် ခဲ့ကြသည်။ ထို့အပြင် ရခိုင်အမျိုးသား နေ့ကို သတ်မှတ်နိုင်ခဲ့ကြသည်။ ဤညီလာခံသည် နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ရခိုင်တမျိုးသားလုံးရက္ခိတစိတ်ဓာတ်ဖြင့်  စုစည်းညီညွတ်စွာ ပြုလုပ်နိုင်ခဲ့သော ညီလာခံကြီးလည်း ဖြစ်သည်။ ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)လည်း ဟူ၏။

https://m.facebook.com/story.php?story_fbid=1210403678975011&id=799285550086828

No comments: