Thursday, May 18, 2017

တောပဉ္ဇင်း

ရခိုင်ပြည်၊ကျောက်တော်မြို့နယ်တောပန်ဇင်းကျေးရွာကို ဗမာအစိုးရမှ ရွာလုံးကျွတ်ရက်ရက်စက်စက် သတ်ဖြတ်သွားပုံ (1952 ဖဆပလ စစ်အစိုးရ)
=========================

တိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်ကြိုးစားခဲ့မှုကြောင်း လွှတ်လပ်ရေးကိုအင်္ဂလိပ်အစိုးရ
မှ 1948 ခုတွင်ရရှိခဲ့သည်။ လွှတ်လပ်ရေးရပြီးသည်နှင့် ဝန်ကြီးချုပ်ဦးနုက ဖဆပလ ၏ ခေါင်းဆောင်နေရာကိုတာဝန်ယူပါလီမန်စနစ်ကို အကောင်အထည် ဖေါ်ဆောင်
ရွက်ပြီး တန်းတူအခွင့်အရေးဖြင့် ပြည်သူများကိုမိတ်ဆက်ပေးခဲ့လေသည်။
ထိုသို့မိတ်ဆက်ပွဲတွင် ရခိုင်ပြည် ကျောက်တော် မြို့နယ် "သင်္ဂနက်ကျေးရွာအုပ်စု တောပန်ဇင်း"
ကျေးရွာသည်လည်း မျက်ရည် ပေါက်များဖြင့် အကြီးအကျယ်ခံစားလိုက်ရသည်။
တောပန်ဇင်းကျေးရွာသည် ကျောက်တော်မြို့၏ တောင်ဖက်(7)မိုင်အကွာ ဂစ္ဆပနဒီမြစ်၏
အနောက်ဖက်ကမ်းနဖူးတွင်တည်ရှိပါသည်။တောပန်ဇင်းကျေးရွာ ကံဆိုးမိုးမှောင်ကျသောနေ့
1952 ခုဇွန်လ(7)ရက် ရခိုင်သက္ကရာဇ်1313 ခု ဝါဆိုလဆန်း(14)ရက် မိုးသောက်ပိုင်းအချိန်
တွင် စစ်တွေဖက် ကုလားတန်မြစ်ညာအတိုင်း ကျောက်တော်ဖက်ကို ဗမာနေဗီတစီးဆန်တက်
လာလေရာ (ဗကပ)ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်အဖွဲ့မှ သဝင်ချောင်းကုလားရွာက
လုပ်ဇတ်ခင်းပြီး ဗနေဗီအား ပစ်ခတ်လိုက်ရာမှ ဇတ်လမ်းက စပါလေသည်။
ဗမာနေဗီတွင် ပါလာသော စစ်သားများသေနတ် လှံစွပ်များဖြင့်တောပန်ဇင်းရွာဖက်ကို ပြေးလာ
ကာ တွေ့တဲ့လူကိုပစ်သတ် လှံစွပ်ဖြင့်ကျားထိုး အိမ်များကိုမီးရှုံး ရက်ရက်စက်စက် လူသားမဆန်
စွာ ရခိုင်သူ/သား (44)ဦးကို သတ်ဖြတ်မိတ်ဆက်ခဲ့လေသည်။
အသေဆိုးဖြင့် သေဆုံးသူအမည်စာရင်းများ……
------------------------------------
ကျားထိုး၍သေဆုံးသူ ကိုယ်ဝန် ဆောင်အမျိုးသမီး
1။ဒေါ်စံသာ ကိုယ်ဝန် 10 လ
2။ဒေါ်မမြစိန် ။ 6
3။ဒေါ်မြချမ်းဦး ။ 5
4။ဒေါ်လှစိန် ။ 5
သေဆုံးသူ ယောကျား/မိန်းမ အမည်များ
5။ဦးဘော်လီချေ
6။ဦးစောမောင်
7။ဒေါ်ချီးစားမ
8။ဒေါ်စိန်ဖြူ
9ဒေါ်ကြာစိန်ဖြူ
10ဦးမွီးလှဦး ဖခင် (ကျေးရွာဥက္ကဋ္ဌ)
11ဦးသာထွန်းအောင်
12ဒေါ်စံသာဦး
13ဒေါ်စံသာဦးသမီး (အသက် 6 လ)
14ဦးသာမြအောင် (သက်ကြီး)
15ဒေါ်ကြိုင်သွင်
16ဒေါ်သာမဦး
17ဦးသင်္ခါကျော်
18မလှဝင်း (အသက် 6 နှစ်)
19ဦးမောင်ထွန်း မိခင်(သက်ကြီး)
20ဒ်ါမလှဖြူ
21ဒေါ်အေးစိန် (သက်ကြီး)
22ဒေါ်မညှာစိန်
23ဦးအောင်ကျော်သာ
24ဦးအောင်လှဇံ
25ဒေါ်မနှင်းစိန်
26ဒေါ်မကြိုင်
27မောင်ဖြူ ဝင်းအောင်
28ဒေါ်လှဘုံ
29မောင်အဖြူ (ဘုန်းကြီးကျောင်းသားချေ)
30ဒေါ်အောင်မဦး (သက်ကြီး)
31ဦးဖြူ လှ အောင်
32ဒေါ်နန်းလှဦး
33မဲထွီးအောင် (ဖခင်)
34မစော (ဖခင်)
35မစော (မိခင်)
36ဒေါ်မထွီး
37ဦးရဲလှ (ဖခင်)
38ဦးသောက်ကြာအောင်
39ဒေါ်နုစိန်
40မောင်ဦးသာနု (6)နှစ်ကလေး
41မောင်လှသာထွန်း (ဘုန်းကြီးကျောင်းသား)
42ဒေါ်မိုးစိန်ဦး
43ဦးဦးစိန်
44ဦးမောင်ဖိုးသာ
…အထက်အမည်ပါလူများသည် 1313 ခု
ဝါဆိုလဆန်း(14) အဖိတ်နေ့တွင် ရက်စက်စွာ
အသတ်ခံရသူများဖြစ်ပါသည်
နေအိမ်(49)အိမ် မီးရှုံးဖျက်ဆီး ပြာကျကျန်ခဲ့
ရပါသည်။
၎င်းလူများသတ်ဖြတ် နေအိမ်မီးရှုံမှုအား အစိုးရ
မှ နစ်နာကျေးပေးခဲ့သည်မှာ……
နေအိမ် 49 အိမ်အတွက် စုစုပေါင်း သံဖြူ (37)ချပ်
တအိမ်ထေင်စုကို ဒန်အိုးတလုံးစီးပေးခဲ့ပါသည်။
ထိုတောပန်ဇင်းကျေးရွာမှာ ယခုအခါ အိမ်ခြေ
(29)အိမ်သာရှိပြီး (5)အိမ်မှာ လယ်အနည်းငယ်
(24)အိမ်မှာ ကျ ဘမ်းအလုပ်ဖြင့် ဘဝကိုရှင်သန်
နေရပါသည်။
ကြမ်းတမ်းသော ဦးနု ဖဆပလ ခေတ်ကို ရင်ဆိုင်ခဲ့ရသူ …………
အဘောင်မ ဒေါ်စံညှင်းဖြူ အသက်(93)နှစ်မှ မျက်ရည်စက်ဖြင့် ရင်ဖွင့်ပြောပြချက်ကို အများ
သိရှိနိုင်အောင် Fb မှတင်ပြအပ်ပါသည်။
Khine Min Myat  FB မှ ကူးယူဖေါ်ပြသည်။ 

No comments: