ရခိုင်သားတိုင်း
ရခိုင်ပြည်ကိုချစ်ကတ်တေဆိုစွာ ရခိုင့်အမျိုးသားအားလုံးဧ့ မွီးရာပါ အမွီတစ်ခုဖြစ်တေ
။
ချစ်တေ ။
အချေပိုင်ချစ်တေအချစ်က သည်းခံနိုင်စွမ်းအားနည်းရေအတွက် တုံ့ပြန်မှုယင်စွာနန့် ၊ အကြီးပိုင်ချစ်တေအရာက သည်းခံမြော်မြင်ရေအတွက် တုံ့ပြန်မှုနည်းရေ
သဘောသဘာဝတော့ ဟိကတ်တေ။
အမှန်က ချစ်ဖို့အတွက်
အချစ်ခံ အရာဝတ္ထုတစ်ခုခုနန့် ချစ်တတ်တေ စိတ်ရင်းတစ်ခုပါမှ ချစ်တေဆိုရေ သဘော သက်ရောက်စီရေ
။ အရာဝတ္ထုဆိုရေအထဲမှာ သက်ဟိဖြစ်ချင်ဖြစ်ဖို့ ၊ သက်မဲ့ဖြစ်ချင်ဖြစ်ဖို့ ။
ယေကေလေ့ ချစ်တတ်တေ
နှလုံးသားအပြောင်းအလဲမဟိပါလေ။
ကောင်းဗျာလ် ၊ ရခိုင်ပြည်ကိုချစ်တေ ၊ ရခိုင်လူမျိုးကိုချစ်တေလို့
ရခိုင်သားတိုင်းပြောကတ်စွာ များရေ ။ တိုင်းပြည်နန့်လူမျိုးကိုချစ်တေဆိုစွာ ချစ်တတ်တေနှလုံးသားတစ်ခုတည်းဟိလို့
ပြည့်ဝရေ အဓိပ္ပါယ်မဟိ ။ အကျိုးပြုမှု တစ်စုံတရာပါမှရာ
ချစ်တေဆိုရေသဘောက တန်ဖိုးထွက်ဖို့ဖြစ်တေ။ ယေန … ငါရို့ အဖရခိုင်ပြည်နန့် ကိုယ့်ရခိုင်လူမျိုးအတွက်
အကျိုးပြုမှု တစုံတရာကိုဖော်ဆောင်ဖို့ အရေးကြီးလာတ်တေ။
ငါရို့ ဇာလုပ်ကတ်ဖို့လဲ
။ ဆရာစံကျော်ထွန်း ရက်ပြတ်မိန်းခရေ မိန်းခွန်းတစ်ခု …. ငါရို့ ဇာလုပ်ကတ်ဖို့လဲ ။
ရခိုင်မှန်ကေ
ရခိုင့်အကျိုးပြုမှုနယ်ပယ်တခုခုထဲမှာ ပါဝင်သင့်ရေ ။
ရာစုနှစ်ချီလို့
ကျွန်ဖြစ်လာတ်တေ လူမျိုးတမျိုးစွာ နှစ်တိအကြာကြီးဖြတ်သန်းပြီးရေနောက်ပိုင်းမှာ ဆင်းရဲစွာနန့်
ကြောက်စွာကလွဲလို့ ဇာတခုလေ့ မကျန်လို့ ဆရာကြီး ဦးသာထွန်းက သတိပီးဖူးစွာကို မှတ်သားမိရေ
။ အယင်ကဆိုကေ ဗမာအာဏာပိုင်တိကိုကြောက်ရကေလေ့ ဂုဆိုကေ …ကုလားကတမျိုး ၊ ဗမာကတဖုံ ၊ ပါတီလို့ရာတမှောက်
၊ သဘာဝဖီးဆိုးရာတဖုံ ၊ ယင်းအထဲမှာ အစိချေနန့် အရက်ကရာ နှိပ်စက်နန့် ရခိုင့်မျိုးဆက်နယ်ပယ်တခုစွာ
ဇာနောက်ကိုလိုက်လို့ လိုက်ရကောင်းမှန်းမသိယောင်ကို ချာလပတ်လည်လို့ ရခိုင့်ဆင်းရဲသံသရာအမွီဆိုးရာ
အဖတ်တင်လာတ်တေ။
ရခိုင်ပြည်စွာ
ဓညဝတီလို့နာမတွင်ရေအတွက်န ဆန်စပါးလုပ်ငန်းစွာ ရခိုင့်စီးပွါးရေးဧ့အသက်ဖြစ်တေဆိုစွာကို
ဂနိရခိုင်ပြည်သူ ပြည်သားတိ မိ့ပါလာတ်စွာလား ၊ ထွက်ပါလာတ်တေ ရီနံ ၊ သဘာဝဓာတ်ငွေနန့်
တခြား သယံဇာတတိကြောင့်ရာ မိ့ကွန်ကွန်ဆောင်လာကတ်တေလား မဆိုနိုင်ဗျာလ် ။
တောင်အာရှဧ့
တချို့နိုင်ငံတိစွာ မှတ်တမ်းမှတ်ရာတိအားနည်းရေလို့ အနောက်နိုင်ငံက တချို့ပြောကတ်စွာတိ
ဟိရေ ။ ကိုယ့်အိမ်မှာ မိသားစု အစွာနှစ်ယောက်ဟိရေလဲ ၊ အိမ်မှာ အိမ်တိုင် အစွာနှစ်ချောင်းပါရေလဲ
၊ အိမ်ကို အစွာနှစ်မှာဆောက်ခရေလဲလို့ မိန့်ကြည့်ကေ ချက်ချင်းမဖြီနိုင်ကတ်စွာတိကို ကြည့်ကေ
ဇာလောက် မှတ်တမ်းအားနည်းပြီးကေ အမှတ်မထားလဲဆိုစွာ ပေါ်လွင်ရေ ။ တချို့ကတော့ မှတ်စုစာအုပ်ထဲမှာ
မှတ်လို့ဟိစွာလို့ ဆင်ခြီပီးကတ်စွာတိဟိရေ ။
အမှန်က ဂနိရခိုင်ဆိုစွာ ခြင်္သေ့လိုက်ကေ ထွက်ပြီးကတ်တေ မြင်းကျားချေတိပိုင် အမှတ်နည်းလွန်းအားကြီးရေ
။ အန္တရာယ်နန့်ကြုံကေ ထွက်ပြီးကတ်ပနာ ကိုယ့်ဘေးနာက တကောင်ကောင်က ခြင်္သေ့ဘာ့မှာအဆွဲခံလိုက်ရကေ
မသိမသာချေန စောင်းကြည့် ၊ အပြီးရပ်ပနာ ဆက်လို့ မြက်စားကတ်တေသဘာဝပချောင် ။ မသိမသာနန့်
မဆိုင်ရေပိုင်နိန်ထိုင်ကတ်တေ အလိုနည်းလွန်းခြင်း စရိုက်တိစွာ ဇာခေတ်ကာလကပင် ရခိုင့်အနွယ်မှာ
သန္ဓေတည်လာစွာလည်း မဆိုနိုင်ပျာ ။
များပြားလာရေ
အုပ်စုဖွဲ့ အသင်းအပင်းတိဆိုစွာလေ့ ပရဟိတလို့ တမျိုး ၊ ဖောင်ဒေးရှင်းလို့ရာတဖုံ ၊ ပါတီအတွက်လို့ရာ
တချို့ ၊ စည်းထိမ်းလို့ရာ တစု ဒေပိုင် ဂရုဂရုတိ ကန်ကမကန် ရခိုင်ပြည်မှာ အများကြီး ဟိလာစွာကို
ဂနိမျက်မှောက်မှာ တွိရရေ ။ စုစည်းမှုက အားဖြစ်တေလို့ အဆိုဟိကေ တစိုက်မတ်မတ်လုပ်တတ်တေ
ဖြစ်စဉ်က ယင်းအားအသက်ရှင်ဖို့အတွက် လီရှုပေါက်တိဖြစ်တေ ။
လိုအပ်ချက်တိအများကြီးထဲက
ရခိုင်ပြည်မှာ ငါရို့အစွာလိုအပ်ချက်ကို ဖြည့်ဆည်းသင့်ရေလဲ ၊ အစွာကဏ္ဍက ပါဝင်သင့်ရေလဲဆိုပျာ
ကြည့်တတ် မြင်တတ်ကတ်ပြီးမှ အထက်ကပြောခရေ အသင်းအဖွဲ့မျိုးတိဖြစ်လာစွာလို့ ငါရို့ ယုံကြည်ရေ
။ ယင်းအထဲမှာ
ရခိုင့်ပထဝီအနိန်အထားကိုလေ့လာရေအုပ်စုတိ
နည်းရေ .
ရခိုင့်စိုက်ပျိုးရေးကိုလေ့လာရေအုပ်စုတိတိ
နည်းရေ ။
ရခိုင့်ခရီးလားလုပ်ငန်းကိုလေ့လာရေအုပ်စုတိ
နည်းရေ။
ရခိုင့်သဘာဝ(မိုးလီဝသ)
ကိုလေ့လာရေအုပ်စုတိနည်းရေ ။
ရခိုင့်ဘူမိဘေဒသမားတိ
၊ ရခိုင့်ဇီဝဘေဒသမားတိ ၊ ရခိုင့်ဓာတုဗေဒသမားတိ
၊ ရခိုင့်ဘိုတနီသမားတိ ၊ ရခိုင့်ဇူးလိုဂျီသမားတိ နည်းရေ ။
ကိုယ့်မြို့ဧ့
ပထဝီအနိန်အထားကို မသိ ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတိ အစွာလောက်ဟိလို့ အစွာလောက်မဟိဆိုစွာကို
မသိ ၊ ခရီးလားလုပ်ငန်းအကြောင်းနန့် အစွာလောက် အကျိုးသက်ရောက်မှုဟိစွာနန့်ရီလမ်း ၊ ကုန်လမ်း
အစွာလောက်အကျိုးပြုနိုင်စွမ်းဟိရေ အခြီအနိန်နန့် လမ်းပန်း ဆက်သွယ်ရေးအခြီအနိန်ကို မသိ
၊ မိုးလီဝသအကြောင်းကို သတင်းစာန ရုပ်သံကလွဲလို့ ဇာအခြီအနိန်မှာ ရာသီဥတုက ဆိုတတ်တေ ၊
ဇာအခြီအနိန်ကြောင့် ဖျားရီမြုပ်တတ်တေဆိုစွာကို သုတေသနလုပ်ဖို့ ခြီလှမ်းစဖူးရေ လူတောင်
မဟိ ။ ယင်းအထဲမှာ အဆိုးရွားဆုံးက သုတေသနဆိုစွာ ဇာလဲဆိုစွာကိုတောင်မှ မသိလိုက်ကတ်ဗျာလ်
။ ယေခါ တစိုက်မတ်မတ်လုပ်တတ်တေ ဗီဇတခုစွာ ….. ပဋိပက္ခနန့် ဆင်းရဲမွဲတေမှုကြားထဲမှာ ဂြေသီသီလားရရေ
။
ယင်းကြောင့်
ရခိုင့်မျိုးဆက်တိကို ဆိုချင်ပါရေ။ ]
သုတေသန လုပ်ကတ်ပါ
။ ဗမာအစိုးရဘားက ဇာတခုလေ့ မမျှောမှန်ဘဲနန့် သုတေသလုပ်ငန်းတိကို အားကြိုးမာန်တက် လုပ်ကတ်ပါ
။ အကျိုးဟိကေ အကြောင်းကိုသိယောင်ရှာတတ်မှ ပစ္စက္ခဆိုစွာ တောက်ပနိုင်ဖို့ဖြစ်တေ။
ပရဟိတနန့်ဂျဲ
အချိန်ကုန်မနိန်ကတ်ကေ့ ။
ပဋိပက္ခထဲမှာဂျဲ
ဝိုင်းကြီပတ်ပတ်ဒူဝေဝေ မလုပ်နိန်ကတ်ကေ့ ။
ပါတီအကွဲအပြဲထဲမှာဂျဲ
မကြီးမနပ်ဖြစ်မနိန်ကတ်ကေ့ဖိ ။
ရခိုင်ပြည်အတွက်
ရခိုင်သားမလုပ်ကေ ဇာသားကလဲ လာလို့မလုပ်ဆိုစွာကို မြင်ကတ်ပါ ။
သုတေသနမဟိကေ
ဇာနိုင်ငံ ဇာလူမျိုးလေ့ မတိုးတက်မဖွံ့ဖြိုးနိုင်ဆိုရေအသိန ကိုယ့်အဖရခိုင်ပြည်သားတိကို
မတ်ဆေးပီးချင်ပါရေ ။
ကိုယ့်အဖပြည်
ကိုယ့်မျိုးနွယ်တွက်
ကိုယ်ရာမလုပ်
မျှော်ခြင်းလုပ်ကေ
ကိုယ့်တိုင်းကိုယ့်ပြည်
မှောက်လိမ့်မေ ။
ကိုယ့်အဖပြည်
ကိုယ့်မျိုးနွယ်တွက်
ကိုယ်စွမ်းကိုယ်ဆောင်
ကိုယ့်မှုအောင်မှ
ကိုယ့်တိုင်ကိုယ့်ပြည်
လှလိမ့်မေ ။
သာစွလေ ။
Admin (09:30pm,16.08.2017)
No comments:
Post a Comment