အားလုံးမင်္ဂလာပါခင်ဗျာ
အခုတလောမှာ
ကျွန်တော်တို့အားလုံး ကြားသိနေရတဲ့ ရခိုင်ပြည်နယ်က သွေးထွက်သံယိုမှုတွေအတွက် အလွန်တရာမှ
စိတ်မကောင်းဖြစ်ရပါတယ် ။ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်သူတွေဟာ ဘယ်တော့များ
အေးချမ်းသာယာတဲ့ ဘဝတခုကို ရနိုင်ကြမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့တောင် မရအောင်
ဖြစ်နေပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ကျွန်တော် ဒီနေ့ အချက်ကလေး သုံးချက်လောက် ကျွန်တော့်ကို
တင်ပြ ဆွေးနွေးခွင့်ပြုပါ ။
ဒီ .. ဘူးသီးတောင်
၊ မောင်တော ၊ ရသေ့တောင် ၊ ရသေ့တောင်မြို့နယ်ရဲ့ အနောက်ဖက်ကမ်းနဲ့ ဘူးသီးတောင် မောင်တော
မြို့နယ်များမှာ အခု ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ အခုမှလောလောလတ်လတ် ဖြစ်လာတဲ့ ပြဿနာတွေ မဟုတ်ပါဘူး
။ ဒီပြဿနာဟာ ၁၉၄၂ ခု ကာလပျက်တဲ့အချိန် အင်္ဂလိပ်အထွက် ဂျပန်အဝင်က စပြီးတော့ ဖြစ်လာတာ
အခုဆိုလို့ရှိရင် အနှစ် (၇၅) နှစ်သက်တမ်းရှိပါပြီ ။
အဲတော့
.. ဒီပြဿနာဟာ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် နိုင်ငံခြားသားတချို့ရဲ့ မြန်မာနိုင်ငံအပေါ်မှာ
၊ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲက နယ်နိမိတ်တချို့ ၊ အထူးသဖြင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက
နယ်ကို ဖဲ့ယူဖို့ သူတို့ရဲ့ နိုင်ငံအဖြစ် ဖန်တီးဖို့ ကြိုးစားနေတဲ့ နိုင်ငံရေး မဟာဗျူဟာ
Political Strategines တရပ်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ။
၁၉၄၂ ခုနှစ်ကနေ
ဖြစ်လာတဲ့ပြဿနာဟာ ၂၀၁၂ ခုနှစ်မှာ သူတို့ဘက်က မဟာဗျူဟာတွေ ပြောင်းလဲလာတယ်ဆိုတာကို ကျွန်တော်တို့
တွေ့ရပါလိမ့်မယ် ။ အခု ၂၀၁၇ ခုနှစ်မှာ သူတို့ကျင့်သုံးလာတဲ့ မဟာဗျူဟာဟာ နောက်ဆုံးပေါ်
မဟာဗျူဟာဖြစ်ပါတယ် ။ တနည်းအားဖြင့် လူအင်အားနဲ့ လူ့လှိုင်းလုံးကို အသုံးပြုပြီးတော့
လူသားမျိုးနွယ်ထိုးစစ်နဲ့ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ကြံစဉ်နေတဲ့အချက်ဖြစ်ပါတယ်
။
ဒီ … သူတို့ရဲ့ဗျူဟာစတာဟာ
၁၉၅၁ ကနေ စပါတယ် ။ ၁၉၅၁ ၊ ဇွန်လ (၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့မှာ အလယ်သံကျော်ညီလာခံဆိုတာကို
သူတို့ ကျင်းပခဲ့တယ်။ အဲဒီအလယ်သံကျော်ညီလာခံမှာ သူတို့ ဘာတောင်းဆိုလဲဆိုလို့ရှိရင်
ရခိုင်တိုင်း မြောက်ပိုင်းကို သီးခြားမူစလင်ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရမယ် ၊ ပြည်ထောင်စု
မြန်မာနိုင်ငံဖွဲ့စည်းပုံအရ ဖွဲ့စည်းပေးပြီးဖြစ်တဲ့ ရှမ်းပြည်နယ် ၊ ကရင်နီပြည်နယ် ၊
ချင်းဝိသေသတိုင်းတို့နဲ့ တူညီတဲ့ အဆင့်အတန်းရှိစေရမယ်ဆိုတာကို တောင်းဆိုခဲ့ပါတယ် ။
ဒီမှာစခဲ့တာက
သူတို့ရဲ့ Autonomous လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေတခုကို ထူထောင်ဖို့ပါပဲ။
ဒီလူတွေဟာ ကျွန်တော်တို့နိုင်ငံသား မဟုတ်တဲ့အတွက် တိုင်းရင်းသားတွေ မဟုတ်တဲ့အတွက် ဒါကို အဲဒီခေတ်က နိုင်ငံတော်အစိုးရကလည်း ခွင့်မပြုခဲ့ပါဘူး
။( အဲဒီအခါမှာ ) ၁၉၄၆ ကနေ ၁၉၆၀ အထိ မူဂျာဟစ်သူပုန်တွေ ထတယ် ။ ပြောက်ကျားစစ် ဆင်နွှဲတယ်
။ ဒါပေမယ့် ဒါလည်းပဲ နောက်ဆုံးမှာ ပျေက်ကွယ်သွားပါတယ် ။ ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းနဲ့အတူ
တခါသူတို့ အလံနီထူပြီးတော့ ပေါ်လာတယ် ။ ဒီအချိန်မှာကျတော့ OIC လို အဖွဲ့မျိုးတွေကလည်း
သူတို့ကို ကူညီပေးလာတယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့ မဟာဗျူဟာ ထင်ထင်ရှားရှား ဘာကိုပေါ်လာသလဲဆိုလို့ရှိရင်
( ) လို့ခေါ်တဲ့ မူစလင် အစ္စလာမ်ဘာသာ ကြီးစိုးတဲ့
နယ်မြေတခုထူထောင်ဖို့ ဆိုတာဟာကို အတိအလင်း ကြေငြာလာပါတယ် ။ ဒါဟာ (၁၈) ရာစု နှောင်းပိုင်းမှာ
ပေါ်ပေါက်ခဲ့တဲ့ ၊ ဆော်ဒီ အာရေဗီးယားမှာ အခြေခံတဲ့ ဝဟာဘိ ဆိုတဲ့ လှူပ်ရှားမှုဖြစ်တယ်
။ ဒီ ဝဟာဘိဆိုတဲ့ အခြေခံဟာ မူဆလင်ညီနောင်တွေ အတွက် လုပ်ကိုင်စားသောက်ဖို့ ၊ စိုက်ပျိုးလုပ်ကိုင်ဖို့
မြေယာနဲ့ ရေရရှိတဲ့နေရာကို အားလုံး သိမ်းပိုက်ရမယ် ။ မူဆလင်ညီနောင်တွေကို အဲဒီမှာ အခြေချပေးရမယ်
။ ဒီကနေပြီးတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ထောင်ပြီးတော့
ဂျီဟတ်စစ်ပွဲ တခုကို ဆင်နွှဲဖို့ အဆင်သင့်နေရာယူရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကို အခု
မော်လဝီဆရာကြီးတွေက ကမ္ဘာပေါ်အနှံ့မှာရှိတဲ့ မြေဆိုတာဟာ ဘုရားသခင်က ဖန်ဆင်းတဲ့မြေဖြစ်တယ်
၊ အဲဒါကြောင့် ဒီမြေမှာ မူဆလင်တွေဟာ မူဆလင်ပီပီ နေထိုင်ခွင့်ရှိတယ် ဆိုတဲ့အယူအဆနဲ့
ပေါင်းစပ်လာကြပါတယ် ။
နံပါတ် (၂)
အချက်ကတော့
သူတို့ဟာ
အမည်နာမခေါ်ယူသုံးစွဲဖို့ (တနည်းအားဖြင့်) အင်္ဂလိပ်လိုပြောမယ်ဆိုရင် Self
Identification ဆိုတာကို အဓိက ဆုပ်ကိုင်ထားတာ ၊ ရိုဟင်ဂျာလူမျိုးဆိုတဲ့နာမေကို သူတို့
အစဉ်တစိုက် တောင်းဆိုလာတယ် ။ ဒါကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘတ်ကီမွန်း ၊
နောက်ပြီးတော့ လူ့အခွင့်ရေးကိုယ်စားလှယ် ဟန်ဟီးလီး ၊ အယင်က ကိုယ်စားလှယ် ကိန်တားနားတို့ကလည်း
လူမျိုးတမျိုးကို သူတို့ခေါ်စေချင်တဲ့ အမည်နာမအတိုင်း ခေါ်ရမယ်ဆိုပြီးတော့ ထောက်ခံတယ်
။ ဒီနေရာမှာ ပြဿနာက ဘာလဲဆိုလို့ရှိရင် … ရိုဟင်ဂျာဆိုတာဘာလဲ ? ဒါကို ကျွန်တော် အထပ်ထပ်အခါခါ
ရှင်းပြခဲ့တယ် ။ ရိုဟင်ဂျာဆိုတာဟာ ရခိုင်သားဆိုတဲ့ ကုလားစကားဖြစ်ပါတယ် ။ ဘင်္ဂလီဘာသာနဲ့
ရခိုင်သားလို့ ခေါ်တာဖြစ်တယ် ။ အဲဒီတော့ ရခိုင်သားမဟုတ်တဲ့ ဒီဘင်္ဂါလီအနွယ်တွေကို ရခိုင်သားလို့ခေါ်တယ်ဆိုတာ
ရခိုင်လူမျိုးတွေအပေါ်မှာ လုံးဝ မတရားရာကျပါတယ် ။ တနည်းအားဖြင့် ဒါကို သူတို့လူ့အခွင့်အရေးဆိုပြီးတော့
ပြောလို့ရှိရင် ၊ တဖက်မှာ ရခိုင်လူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေးတခုကို ချိုးဖောက်ခြင်းလို့ပဲ
ကျွန်တော်တို့ ရှုမြင်ကြရမှာဖြစ်တယ် ။ အဲဒါကို ဗြိတိသျှသံအမတ်ဟောင်း ဒေးရိတိုကိန်ကလည်း
ထောက်ပြခဲ့ပါပြီ ။ မြန်မာနိုင်ငံရဲ့ဆိုင်ရာ ဗြိတိသျှဆိုင်ရာ သံအမတ် အန်ဒရူးပတ်ထရိ ကလည်းပဲ
ဒီပြဿနာဟာ နိုင်ငံတကာ ပြဿနာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံပါလီမန် ၊ မြန်မာလွှတ်တော်ကသာ ဆုံးဖြတ်ရမယ့်
ပြဿနာဖြစ်တယ် ဆိုပြီးတော့ ထောက်ပြထား ပါတယ် ။ အဲဒါကြောင့် ဒီအချက်နဲ့ ပက်သက်ပြီးတော့
ဒီ .. ရိုဟင်ဂျာဆိုတာဟာ ကျွန်တော့်တို့ သမိုင်းမှာ မရှိဘူး ။ ရိုဟင်ဂျာဆိုတာဟာ တကယ်တော့
ရခိုင်လူမျိုးကို ဘင်္ဂါလီဘာသာမှာခေါ်တယ်ဆိုတဲ့အချက် ဆိုတာကို ထောက်ပြပြီးတော့ ဒါဟာ သူတို့နာမည်မဟုတ်ဘူးဆိုတာကို
ကျွန်တော်တို့က အစဉ်တစိုက် ပြောဆိုနေခြင်း ဖြစ်ပါတယ် ။
နံပါတ်
(၃) အချက်က ဘာလဲဆိုလို့ရှိရင်
ရခိုင်ပြည်နယ်ကို
ပြည်ထောင်စုမြန်မာနိုင်ငံထဲက ဖဲ့ထုတ်ပြီးတော့ သီးခြားမူစလင်နိုင်ငံတခုထူထောင်ဖို့ ကြိုးပမ်းလာခြင်းဖြစ်ပါတယ်
။ အဲဒါကတော့ ဗော်လကန်စစ်ပွဲအပြီးမှာ ယူဂိုဆလားဗီးယားနိုင်ငံကို ပြိုကွဲသွားစေလိုတဲ့ဆန္ဒ
၊ နောက်တခုက အဓိက မူဆလင်ကမ္ဘာနဲ့ တောက်လျှောက်ရန်သူဖြစ်လာတဲ့ ဆားဗီးယားနိုင်ငံကို အင်အားချိနဲစေလိုတဲ့သဘောနဲ့
ကိုဆိုဗိုနိုင်ငံကို ဖဲ့ထုတ်သွားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်တခုဖြစ်တဲ့
R2P (Responsibility to Protect) လို့ အဓိပ္ပါယ်ရပါတယ် ။ အဲဒါကတော့ နိုင်ငံတနိုင်ငံမှ
အဖိနှိပ်ခံနေရတဲ့ လူမျိုးတမျိုးကို အဲဒီနိုင်ငံရဲ့အစိုးရက ကာကွယ်မပေးလို့ရှိရင် နိုင်ငံတကာက
စွက်ဖက်ပြီးတော့ ကာကွယ်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ် ။ ဒီအခွင့်အရေးကိုယူပြီးတော့ ဘူးသီးတောင်၊
မောင်တော ပြဿနာမှာ နိုင်ငံတကာက စွက်ဖက်ပြီးတော့ R2P နဲ့ ရခိုင်ပြည်နယ်ကို ဖဲ့ထုတ်ဖို့
ကြိုးပမ်းလာပါပြီ ။ ဒီအချက်ကို ဘယ်မှာတွေ့လဲဆိုရင် တလောကမှ လွှတ်တော်ကိုယ်စားလှယ်လုပ်သွားတဲ့၊
ဘူးသီတောင် လွှတ်တော်ကိုယ်စားလှယ်လုပ်သွားတဲ့ ဦးရွှေမောင်ဟာ R2Pဆိုတာကို တွင်တွင်ကြီးပြောပြီးတော့
နိုင်ငံတကာက စွက်ဖက်ဖို့လိုပြီဆိုတာကို ထောက်ပြသွားပါတယ် ။
ဒီနေရာမှာ
ကျွန်တော်တို့ပြောရမယ့်အချက်ကဘာလဲဆိုလို့ရှိရင် တကယ်တော့ မြန်မာနိုင်ငံမှာ ဒီအကြမ်ဖက်ဝါဒကို
တင်သွင်းလာတာဟာ ဒီလူတွေဖြစ်တယ် ။ ဒီအကြမ်းဖက်ဝါဒသမားတွေရဲ့ တောင်းဆိုချက်အရ ရခိုင်ပြည်ကိုဖဲ့ထုတ်တယ်ဆိုလို့ရှိရင်
ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ လုံးဝ လုံးဝ ဆန့်ကျင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက
သိထားဖို့လိုပါတယ် ။ အတိအလင်း သူတို့ ကြေငြာသွားတဲ့အချက်က ၂၀၁၂ ခုနှစ် သြဂုတ်လ (၁)
ရက်နေ့မှာ လန်ဒန်မြို့မှာ ဘင်္ဂါလီမူဆလင်တွေရဲ့ ညီလာခံတခုကို ကျင်းပပြီးတော့ အစ္စလာမ္မစ်
ရိုဟင်ဂျာနိုင်ငံတော် (Islamic Republic of Rohanland) ဆိုတာကို ထူထောင်မယ်လို့ အတိအလင်း
ကြေငြာထားပါတယ် ။ နိုင်ငံရဲ့အကျယ်အဝန်း ၁၆၀၀၄၂ စတုရန်း ကီလိုမီတာရှိပြီးတော့ မြို့တော်ဟာ
စစ်တွေမြို့ဖြစ်တယ်ဆိုပြီးတော့ ကြေငြာသွားပါတယ် ။ ဒီအချက်ဟာ ကျွန်တော်တို့ရဲ့ အချုပ်အချာအာဏာကို
ထိပါး စော်ကားလာပြီးဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ကို R2P ဆိုတဲ့အချက်နဲ့ အရေးယူလို့ရမှာလား
၊ မရပါဘူး ။ ဘာ့ကြောင့်လဲ ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဆိုတာ ထင်ရှားတယ် ။ ဒီလူတွေကို
ဒီလူမျိုးတွေကို မြန်မာနိုင်ငံအစိုးရက ဖိနှိပ်နေတာ မဟုတ်ဘူး ။ ဒီလူမျိုးတွေက မြန်မာနိုင်ငံရဲ့
အခြေခံဥပဒေကို လုံးဝချိုးဖောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတခုကို သီးခြား
နယ်မြေတခု ထူထောင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ် ။
အဲဒီတော့
နောက်ဆုံးပိတ်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ချိန်ကိုက်လှုပ်ရှားမှုတခုအဖြစ်နဲ့ အခုဖြစ်ပေါ်နေတဲ့
အချက်ကလေးတွေကို တွေ့ရပါလိမ့်မယ် ။
အခု
ဒီနေရာမှာ ကိုဖီအာနန်ရဲ့ အစီရင်ခံစာထွက်လာတယ် ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာထဲမှာ အတိအလင်းဆိုထားတယ်
။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရဲ့ ဆုံးဖြတ် အကြံပြုချက်အရ ပြဿနာဖြစ်စေမယ့် ဒီရိုဟင်ဂျာဆိုတဲ့
စကားနဲ့ ဘင်္ဂါလီဆိုတဲ့စကားကို မသုံးပါဘူးလို့ အတိအလင်းပြောထားပါတယ် ။
အဲဒါကြောင့်
ဒီကော်မရှင်ဟာ ရိုဟင်ဂျာဆိုတဲ့စကားကို အသိအမှတ်မပြုဘူး ၊ အသိအမှတ်မပြုတဲ့အတွက် ဒီနေရာမှာပေါက်ကွဲပြီးတော့
အဲဒီနေ့မှာပဲ ချိန်ကို လှုပ်ရှားခြင်းဆိုတာကို တွေ့ရပါတယ် ။
အဲဒါကြောင့်
ဒီအရာဟာ မြန်မာနိုင်ငံရဲ့ အချုပ်ချာအာဏာကို စော်ကားတဲ့ ၊ ထိပါးတဲ့ လှုပ်ရှားမှုဖြစ်တယ်
။ ရခိုင်ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေကို လုယက်ဖို့ရည်ရွယ်ချက်နဲ့ ကြိုးပမ်းလာခြင်းဖြစ်တယ်ဆိုတာကို
ကျွန်တော် ဒီနေရာက သတိပေးလိုက်ပါတယ်ခင်ဗျာ ။
Dr.Aye
Chan
(30,Aug,2017)
No comments:
Post a Comment