
တနိ ၊ အကျွန့်သူငယ်ချင်းနှင့် အကျွန်သည် ဘောင်းဒွတ်သားစု ရွာလယ်ခွဆုံအနားဟိ စင်တွင် ထိုင်နီကတ်ပါသည်။ ယင်းစိုင် အသက် ၇၀ ဝန်းကျင်၌ဟိမည့် ဝါကြီးတယောက်သည် ၊ လမ်းမှလားယင်း စင်ရှိသို့ရောက်သောအခါ တန့်လိုက်ပြီး ၊ တခုခုမီးလိုဟန်နှင့် အကျွန်ရို့ကို ကြည့်နီပါသည် ။ ဝါကြီးအမူအရာကို အရိပ်ကျသော အကျွန့်သူငယ်ချင်းက ၊ အကျွန့်ထက်ဦးစွာပင် ၊
“ ဇာမီးချင်ပါလေအဘိုး ” ဟု မီးလိုက်ပါသည်။ ထိုအခါ ဝါကြီးလည်း အကျွန့်အနားသို့ကပ်လှာကာ ၊ “ ပွဲစား စောသာကျော်အိမ် ဇာနားမှာလေးဝေး ” ဟု မီးပါသည်။ ပွဲစား စောသာကျော်မာ ၊ အကျွန်ရို့ရွာ၌ လူသိများသူ တဦးဖြစ်သည့်အလျောက် ၊ အကျွန့်သူငယ်ချင်းက ချက်ချင်းပင် ၊
“အဖိုး ၊ ဒေလမ်းတည့်တည့်လားပါလီ ၊ ယှိက ခွဆုံကိုရောက်တေခါ ၊ အယှိဘက်ကို ကွေ့ပါ ၊ လက်ျာဘက် နှစ်ဆောင်ခြာ ၊ သုံးဆောင်ထက် ၊ သံဖြူမိုးလို့အိမ်ပါ ” ဟု သွက်လက်စွာညွှန်လိုက်၏ ။ ယင်းအခါ ဝါကြီးမာ နားမလည်ဟန်နှင့် မျက်မှောင်ကုတ်လားပြီး ၊
“ဇာဝေ ၊ ယှိကခွဆုံ ၊ အယှိဘက် ၊ ဇာအယှိဘက်လေး”
“ဟုတ်ပါရေအဘိုး ၊ ရှိကခွဆုံပါ” ဟု အကျွန်က ဝင်ပြောလိုက်သည်တွင် ၊
‘အိုး …. ရှိကခွဆုံ ၊ အရှိဘက်ကိုကွေ့ပြီးကေ ၊ သုံးအိမ်ထက်မာ ၊ … ဒေသူက ယှိကခွဆုံ ၊ အယှိဘက် ၊ ပြောနီလို့ ’ ဟုပြောကာ ပွဲစားစောသာကျော်၏ အိမ်ဘက်သို့ ထွက်လားလီပါသည်။
‘အကျွန့်သူငယ်ချင်းမာ အကျီမနပ်နှင့် ဝါကြီး ၊ လူကိုလဲ မီးသိယင့် ၊ အပြစ်လဲ့တင်သိယင့် ၊ မိတ္တဗလဋီကာကို မသင်ဘူးခယှိဖို့’
‘ဟား ၊ ဟား ၊ ဟား ’ ရယ်လိုက်သူမာ ၊ အကျွန်ပင်ဖြစ်သည်။ သူ့စကားကို သဘောကျ၍မဟုတ်ပါ ။ ဝါကြီး၏ နားမလည်ဟန်ဖြင့် ထပ်ဆင့်မီးလိုက်သော မီးခွန်းကို တွက်မိ၍ဖြစ်ပါသည်။
အကျွန့်သူငယ်ချင်းက ‘ယှိကခွဆုံ ၊ အယှိဘက်’ ဟူ၍ပြောသည်ကို ၊ ဝါကြီး နားလည်ဟန်မတူပေ ။ အကျွန်က ‘ရှိကခွဆုံပါ’ ဟူ၍ ‘ရ’ သံပီပီနှင့် ပြောလိုက်မှသာ ၊ ဝါကြီး နားလည်လားဟန်တူပါသည်။
အမှန်စင်စစ် ဝါကြီးမမှား ၊ အကျွန့်သူငယ်ချင်း၏ အမှားသာဖြစ်ပေသည်။ ရခိုင်စကားတွင် ‘အယှိဘက်’ ဟူ၍ ‘ယ’ သံနှင့် ပြောလိမဟိ ။ ‘အရှိဘက်’ ဟူ၍သာ ‘ရ’ သံနှင့် ပြတ်သားစွာပြောပေသည်။ ယင်းကြောင့် အကျွန့်သူငယ်ချင်းက ‘အရှိဘက်’ ကို ‘ယ’ သံနှင့် ‘အယှိဘက်’ ဟူ၍ပြောလိုက်သောအခါ ဝါကြီးနားတွင် ထွီးလားခြင်းဖြစ်ပေသည်။ ဝါကြီး၏ ရခိုင်စကားအဘိဓာန်တွင် ‘အယှိဘက်’ ဟူသော စကားလုံး ပါလိမ္မည် မဟုတ်ပေ ။ ထို့ကြောင့် အင်္ဂလိပ်တယောက်သည် နိုင်ငံခြားသားတဦးက မပီမသနှင့် ပြောလှာသော အင်္ဂလိပ် စကားကို နားမလည်သကဲ့သို့ ဝါကြီးသည်လည်း ရခိုင်သံ မပီကလာနှင့် ပြောလှာသော အကျွန့်သူငယ်ချင်း၏ စကားကို ဖြုတ်ချင်း နားမလည်ခပေ ။
ဤသို့လျှင် ယခုခေတ် ရခိုင်လူငယ်များ၏ စကားများသည် တစတစနှင့် ဖောက်ပြန် ပျက်ပြားလှာကုန် ၏ ။ အများအားဖြင့်ကား မြို့ဖျား (အထူးသဖြင့်စစ်တွေ) ထက်တွင် ဖြစ်၏ ။ လူငယ် လူရွယ်များသာ မဟုတ် ။ မိဘ လူကြီးများပင် ရခိုင်စကားစစ် ၊ စကားမှန်များကို ပြောဆို ထိန်းသိမ်းရမှန်မသိ ဖြစ်နီကတ်၏ ။
ဘာသာစကားဖြစ်စီ ၊ စာပီဖြစ်စီ ၊ ‘အသီ ’ (Dead Language) မဟုတ်ခပါလျှင် ခေတ်အလိုက် ၊ တစတစ ပြောင်းလွှဲလာသည် ၊ ကျယ်ပြန့်တိုးတက်လာသည်ချည်းဖြစ်ပေသည်။ သို့သော် ပြောပြခယှောင် ‘အရှိဘက်’ ကို ‘အယှိဘက်’ ဟု လီသံ မပီကလာနှင့်ပြောဆိုခြင်းကား ၊ ပြောင်းလွဲတိုးတက်ခြင်း မဟုတ် ။ ဖောက်ပြန်လှာခြင်းသာ စစ်စစ်ဖြစ်ပေသည်။ ပြောင်းလွဲခြင်းဆိုသည်မှာ အကျွန့်သူငယ်ချင်းက ဝါကြီးအား ပြောသည့်စကားတွင်ပါသည့် ‘တည့်တည့်’ စကားချောင် ဖြစ်၏ ။
အမှန်အားဖြင့် ရှီးအခါက ရခိုင်သားရို့သည် ‘တည့်တည့်’ ဟူ၍ ပြောလိမဟိ ။ ‘စိုက်စိုက်’ ဟူ၍သာ သုံးစွဲကတ်ကုန်၏ ။ ‘ဒေလမ်းစိုက်စိုက်လားပါလီ’ တက်စား ‘ဒေလမ်းစိုက်စိုက်လားပါလီ’ ဟူ၍သာ ပြောပေ လိမ္မည်။ သို့သော် ယခုခေတ်တွင် ‘စိုက်စိုက်’ ဟူသောစကားမှ ‘တည့်တည့်’ ဟူသောစကားသို့ ပြောင်းရွှိလာပေ သည်။ ထိုနည်းတူစွာပင် ‘ငှက်ကိုရွှတ်ပစ်လိုက်’ ဟူသောစကားတက်စား ‘ငှက်ကိုလွှင့်ပစ်လိုက်’ ဟူ၍ ၎င်း ၊ ‘ဇာတီပုထိုး’ တက်စား ‘စေတီပုထိုး’ ဟူ၍၎င်း ၊ ‘ရွက်ရွှင့်သည်’ တက်စား ‘ရွက်လွှင့်သည်’ ဟူ၍၎င်း ၊ ‘အညှက်ဆိုး’ တက်စား ‘အမှိုက်ဆိုး’ ဟူ၍၎င်း ၊ ‘သဲမှုန့်ရွှင့်မနီကေ့’ တက်စား ‘သဲမှုန့်လွှင့်မနီကေ့’ ဟူ၍၎င်း ၊ ‘မဟိ’ တက်စား ‘မယှိ’ ဟူ၍လည်းကောင်း အသီးသီး ပြောင်းလွှဲလာကုန်သည်။ စင်စစ် ‘စိုက်စိုက်’ တက်စား ‘တည့်တည့်’ ၊ ‘ရွှင့် ၊ ရွှတ် ၊ စာတီ ၊ အညှက် ၊ မဟိ’ တက်စား ‘လွှင့် ၊ လွှတ် ၊ စေတီ ၊ အမှိုက် ၊ မယှိ’ ဟူ၍ ဖြစ်လှာခြင်းရို့မာ တိုးတက်လှာခြင်းမဟုတ်ပေ ။ ဗမာစာပီကို အတုယောင်လိုက်၍ ရခိုင်စကားစစ် စကားမှန်များ ပြောင်းလွှဲလာခြင်းသာ ဖြစ်ပေသည်။ အပြစ်မဆိုသာသဖြင့် ‘ဖောက်ပြန်သည်’ တက်စား ‘ပြောင်းလွဲသည်’ ဟူ၍ သာ သမုတ်လိုက်မိသည် ။
အထက်၌ ဖော်ပြခယှောင် ‘အရှိဘက်’ ဟူသောစကားကို ‘အယှိဘက်’ ဟူ၍ ပြောခြင်းကား ‘ရ’ ဗျည်း နှင့် ‘ယ’ ဗျည်းရို့၏ ရခိုင်အသံထွက်အမှန်ကို အသံပျက်ဖြင့် ရောမှန်းမသိ ရောပစ်ခြင်းသာ ဖြစ်ပေသည်။ ရခိုင်ရို့သည် ‘ရ’ ဗျည်း၏အသံထွက်နှင့် ‘ယ’ ဗျည်း၏ အသံထွက်ကို ကွဲပြားစွာပြောဆိုကတ်၏ ။ ၎င်းမှ ဆက်နွယ်လှာသော ‘အပင့်’ နှင့် ‘အရစ်’ ကိုလည်း နိုင်နင်းကျွမ်းကျင်စွာ သုံးစွဲတတ်ကုန်၏ ။ ထို့အတွက် ကြောင့်လည်း ဗမာများက ‘ပင့်ရစ်မနိုင် ၊ ရခိုင်မေး’ ဟူသော စကားပုံကို သုံးစွဲကတ်ရသည်မဟုတ်ပါလော။
သို့သော် ဒေနိ ရခိုင်လူငယ်များနှင့် တချို့ လူကြီးသူမများ (အထူးသဖြင့် မြို့ထက်နီလူရို့) သည် မိမိရို့ ပြောသောစကားများကို သတိမထားကတ်ပဲ ဖောက်ပြန်မှန်းမသိ တစတစ ဖောက်ပြန်ပျက်ပြားစွာ ပြောဆိုနီကတ်ကုန်သည်။ အထူးသဖြင့် ‘ရ’ ဗျည်းနှင့်ပက်သက်သော စကားလုံးများဖြစ်သည့် ‘အရှိဘက် ၊ အိမ်ရှိ ၊ ရှိခိုးသည် ၊ ရှိရှိအခါက ၊ ကြည့်ရှုသည် ၊ ထင်ရှားသည် ၊ ဆံတောင်ရှင် ’ စသော စကားရို့ကို ‘အယှိဘက်၊ အိမ်ယှိ၊ ယှိခိုးသည် ၊ ယှိယှိအခါက ၊ ကြည့်ယှုသည် ၊ ယင်ယှားသည် ၊ ဆံတော်ယှင်’ ဟူ၍ ရခိုင်အသံမှန် ‘ရ’ သံတက်စား ‘ယ’ သံနှင့် ဖောက်ပြန်ပြောဆိုလှာကတ်ရာ ဖော်ပြခသော ရခိုင်ရို့ယှောင် ပုဂ္ဂိုလ်များ၏ နားထဲတွင် ဝါးခြမ်းနှင့်ထိုးသကဲ့သို့ ခံစားစီလီသည်။
တချို့သော စကားလုံးများမာ စကားပြောစိုင်တွင် မဖောပြန်ကတ်ဘဲ စာဘတ်သောအခါ၌သာ ဖောက်ပြန် တတ်ကုန်၏ ။ ၎င်းရို့က
‘အသက်ရှင်သည် ၊ ရှာသည် ၊ ရှုံ့နီသောအဝတ် ၊ အလွန်ရှား၍ အရသာဟိသော လှော်စာ ၊ အရှိအမျှစီ ဝီပီးသည် ၊ အဓွန့်ရှည်စွာ’ အစဟိသည်ရို့ဖြစ်ပြီး ၎င်းရို့ကို စာအုပ်တွင်ဘတ်သောအခါ --
‘အသက်ယှင်သည် ၊ ယှာသည် ၊ ယှုံ့နီသောအဝတ် ၊ အလွန်ယှား၍ အသာယှိသောလှော်စာ ၊ အယှိအမျှစီဝီသည် ၊ အဓွန့်ယှည်စွာ ’ဟူ၍ အသံပျက်ဖြင့် ဘတ်ကတ်ကုန်သည် ။ ဤစကားလုံးများမာ စကားပြောစိုင်တွင် မဖောက်ပြန်ကတ်ဘဲ စာအုပ်တွင် ဘတ်သောအခါ၌သာ အသံပျက်နှင့် ဘတ်ကတ်သည် ဖြစ်ရာ ၊ တဝီတဝက် ဖောက်ပြန်သည်ဟု ဆိုနှိုင်ပေ၏ ။ သတိမထားပဲ ယင်းအတိုင်းသာ အသံပျက်နှင့် ဘတ်နီကတ်မည်ဆိုက ‘အရှိဘက် ၊ ရှိခိုးသည်’ ဟူ၍ စကားပျက်လှာသည့်ယှောင် ၊ အနာဂတ်ကာလတွင် ‘ရ’ သံမှ ‘ယ’ သံသို့ ပြောင်းလွဲပြောဆိုလှာကတ်မည်မာ မလွဲပေ ။
ဤသို့ စကားများ ဖောက်ပြန်လှာခြင်း ၊ အသံများ ပျက်လှာခြင်းရို့မာ ဗမာစာပီကို နိစိုင်ရက်ဆက် သင်နီဘတ်နီရသောကြောင့် ဖြစ်ပေသည်။ ဤကား အကျွန့်အမြင်တည်း ။
ရခိုင်စာပီသည် အတိတ်အချိန်က အဖျက်အဆီးခံရပြီး ၊ မျက်မှောက်ကာလတွင်လည်း ကိုယ့်ကံကြမ္မာ ကို ကိုယ်ဖန်တီးခွင့်မရပဲ ၊ လူမျိုးခြားကို အထင်ကြီးတတ်သော ကျွန်စိတ်ဝင်နီကတ်ရာ ၊ မပျက်စီးပဲ ကျန်ဟိနီသော မိမိရို့၏စာပီကို ဖော်ထုတ်အသုံးပြုရန် မကြိုးစားကတ်ခြင်းကြောင့် ‘စာသီ’ (Dead Language) ယှောင် ဖြစ်နီ၏ ။ ထို့ကြောင့် လစ်လပ်နီသော ရခိုင်စာပီ၏နီရာတွင် ၊ မိမိရို့နှင့်ဆင်တူယိုးမှားတူညီသော ဗမာစာပီ ၊ အဆီးအတားမဟိ ၊ ဒလဟော ဝင်လားလီသည် ။ တချိန်တည်းမာပင် ၊ ရခိုင်သားရို့သည် လွတ်လပ်စွာ ဝင်ရောက်လှာသော ဗမာ့ယဉ်ကျေးမှုများကိုပါ လက်ခံလှာကတ်ရာ ၊ အမျိုးသားဟန် ၊ အမျိုးသားသံနှင့် တသီးတခြား ဝင့်ကြွားစွာ ရပ်တည်နီသော ရခိုင်စကားအချို့ကို တစတစ ယိမ်းယိုင်ဖောက် ပြန်စီသည်ကို ရင်လီဘွယ် တွိဟိရပေသည်။
အတိတ်အချိန်က ကံမကောင်း အကြောင်းမလှလီသဖြင့် တိုင်းပြည် လူမျိုးနှင့်တကွ ယဉ်ကျေးမှု တခုလုံးကိုပါ အဖျက်အဆီးခံရမှုလည်း မျက်မှောက်ကာလတွင် စိတ်ဓာတ် ၊ စကား ၊ ဓလိထုံးစံနှင့် အမြုတေ စာပီအချို့ ကျန်ဟိနီသိရာ ‘ရခိုင်’ ဟူသော အနွတ္တသညာကို ရင်ကွ၍ ခံယူနှိုင်ကတ်သိ၏ ။ စကားနှင့်စာတွင် စကားက အယင်ပေါ်၏ ။ စကားပေါ်ပြီးမှ ထိုစကားကိုလိုက်၍ စာကို ထွင်ယူကြသည်ဖြစ်ရာ ဘာသာစကားသည် စာပီ၏ မွီးမိခင်ပင်ဖြစ်သည် ။ရခိုင်စာပီမာ ကွယ်ပျောက်လုလု (ဝါ) ‘ငါရို့ ရခိုင်သားများ တွင် စာဟိပါသည်’ ဟူ၍ ပြောနှိုင်လောက်ရုံသာ ကျန်နီသဖြင့် မွီမိခင်ဖြစ်သော ဘာသာစကားနှင့်ပင် ကယ်တင် ရမည်ဖြစ်ပါသည် ။
သို့သော် ပစ္စက္ခအချိန်တွင် မိခင်ဖြစ်သော ဘာသာစကားအချို့ပါ ဖောက်ပြန်ပျက်ပြားနီရာ သားဖြစ်သူ ရခိုင်စာပီကိုပင် ကယ်တင်၍ ရပါမည်လောဟုပင် စိုးရိမ်ရင်လီးမိပါသည်။
အကျွန်ပြောချင်သည်ကား ၊ ‘ရခိုင်စကားစစ် ၊ စကားမှန်များကို ထိန်းသိမ်းကတ်ပါ’ ဟူ၍ဖြစ်ပြီး ‘ရခိုင်စကားစစ် ၊ စကားမှန်များကို ထိန်သိမ်းလျက် ခေတ်မီသစ်လွင်သော ရခိုင်စာပီကို ထူထောင်နှိုင်ကတ်ပါစီ’ ဟူသော ဆုတောင်းပင်ဖြစ်ပါသတည်း ။
မောင်တံရှင်
ခေတ်ရှေ့ဆောင်စာစောင် (၂)
၁၉၆၁ ၊ မေလ
No comments:
Post a Comment