Monday, March 20, 2017

မြောက်ဦးမြို့ရှိ ဗုဒ္ဓဆင်းတုတော်များ၏အခြေအနေကိုသုံးသပ်တင်ပြခြင်း

မြောက်ဦးမြို့ရှိ ဗုဒ္ဓဆင်းတုတော်များ၏အခြေအနေကိုသုံးသပ်တင်ပြခြင်း

ရခိုင်ပြည်ရှေးဟောင်းမြို့တော်နှင့်ပတ်ဝန်းကျင်ရှိ ရှေးဟောင်းဆင်းတုတော်များမှာ ယနေ့အချိန်တွင် မူလကြေးသွန်းဆင်းတုတော်များအား ကျောက်ညို ( သို့မဟုတ် ) သဲကျောက်ဘုရားဆင်းတုတော်များဖြင့် အစားထိုးသည်ကို အများအပြားတွေ့လာရပါသည် ။ ကွယ်လွန်သူ ရခိုင် - မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းက ရခိုင်ပြည်ကို အင်္ဂလိပ်များက သိမ်းယူသောအခါ ရနိုင်သမျှသော ကြေးသွန်းဆင်းတုတော်များကို အိန္ဒိယနိုင်ငံသို့ ပင့်ဆောင်ယူဆောင်သွားကြသည်များတွင် အစားထိုးခြင်းများဖြစ်သည်ဟု ဆိုနိုင်ပါသည် ။ သို့သော် ဤဘုရား ဆင်းတုတော်များမှာ ယနေ့အချိန်အခါ၌ မြောက်ဦးခေတ် ( Meditation Mood ) တရားထိုင်မှု ပုံစံမျိုးမဟုတ် တော့ဘဲ ၊ များသောအားဖြင့် မျက်လုံးတော်များ ဖွင့်လျှက်ရှိနေရုံသာမက ပြူးကျယ်နေသည်ကို တွေ့ရပါတော့သည် ။
(Meditation Mood ) တရားထိုင်သည့်ပုံစံဖြစ်သော မျက်လွှာအောက်ချပုံစံများကို ပြုပြင်ထားလျှက် ရှိကြောင်း ဝမ်းနည်းဖွယ်ရာဖြစ်ပါသည် ။ နောက်တစ်ချက်မှာ ဗုဒ္ဓဆင်းတုတော်များအနက် စန္ဒမုနိဆင်းတုတော် ၊ မဟာကျန်ဆင်းတုတော် ( မောင်တော ) ၊ မဟာကျန်ဆင်းတုတော် ( စစ်တွေ ) ၊ မဟာကျန်ဆင်းတုတော် ( ညောင်ပင်လယ် ၊ မြောက်ဦး ) နှင့် မင်းရင်ဖြူမင်းကြီး၏ မဟာကျန်ဆင်းတုတော် ( စစ်တွေ ) မှလွဲ၍ ကျန် ဆင်းတုတော်များမှာ ဘိုးတော် ဦးဝိုင်းလက်လက် မြန်မာပြည်သို့ ပင့်ဆောင်သွားခြင်းခံရပါသည် ။
ယခု မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအရပ်ရပ်၌ ကိန်းဝပ်လျက်ရှိသော ဆင်းတုတော်များမှာ
(၁) မဟာမြတ်မုနိ မန္တလေးမြို့
(၂) လာဘမုနိ ချမ်းသာကြီးကျောင်းတိုက် ၊ မန္တလေးမြို့
(၃) ရှင်ကျော်မုနိ ရွှေနတ်တောင် ၊ ရွှေတောင်မြို့ ၊ ပြည်ခရိုင်
(၄) မာန်အောင်မြင်မုနိ ဇလွန်မြို့ ၊ ဟင်္သာတခရိုင် ။
(၅) ပုံစံတော်ဘုရားဆင်းတုတော် ဘုတ်ချောင်းရွာ ၊ ဟင်္သာတခရိုင် ။
(၆) ဒသရာဇာမင်းဘိသိက်ခံဆင်းတု ဆရာစံလမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါသည် ။
အလားတူ မျက်လုံးဖွင့်လှစ်အစားထိုးခံထားရသော ဆင်းတုတော်တစ်ဆူမှာ ကျောက်တစ်လုံးတည်းကို ထုဆစ်၍ ကုန်းမြင့်တွင်ကိန်းဝပ်သည့် ဝေသာလီဘုရားကြီးဖြစ်ပါသည် ။ အလွန်တရာမှ နှမြောစရာကောင်းလှပါ သည် ။ ဤသို့ဖြစ်ရသည်မှာ စစ်ကြီးများ၏ အကျိုးဆက်ကြောင့်ဖြစ်ပါသည် ။ သင်ခန်းစာယူသင့်ကြပြီးလျှင် နောင် အလားတူမပြုလုပ်မိကြရန် ရဟန်းရှင်လူအားလုံးက သတိပြုသင်ပါသည် ။ ပြိုကျပျက်စီးနေသည့် စေတီများမှထွက်ပေါ်လာသော ဆင်းတုတော်များကို လေ့လာကြည့်ပါက တရားထိုင်နေသော ပုံစံကို တွေ့ရမည်ဖြစ်သည် ။ မြောက်ဦးမြို့ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်းတွင် ကိန်းဝပ်လျှက်ရှိသည့် ကြေးသွန်းဆင်းတုတော်မှာ တရားထိုင်နေပုံ ပုံစံအမှန်ကို ဖော်ပြနေသည့် ဆင်းတုတော်မြတ်ဖြစ်ကြောင်း တင်ပြ လိုပါသည် ။ ဤဆင်းတုတော်တို့မှာ မူလမြောက်ဦးခေတ် ဆင်းတုတော်မြတ်များ ( Iconography ) အမှန်ပင် ဖြစ်ပါသည် ။
မဟာမုနိသိမ်တော်နှင့် တန်ဆောင်ပြသာဒ်တော်
After casting Mahamuni, King Canda Thuriya cast two other images from the same stock of noble metal. Afterwards 33 smaller likeness of the Mahamuni and countless Mahagyan (Lit – Left – over) images were also cast by the king.
King Naradhipati had the Yettara bell cast and placed in the platform of Mahamuni shrine in 1734. The magical formula and numbered squares make it the rarest of its kind in the word. The bell inscriptions on Pali, Arakanese (Rakhine) and Sanskrit were used to ward off and work magical spells upon any invading troops. Details of the procedure were inscribed on the bell. This bell was lost in 1950 and never recovered.
Until 1785 when the Great Images was carried off to Amarapura the holy precincts were ever bustling with pilgrims and monastic schools activities.
ဤသိမ်တော်နှင့်တန်ဆောင်းသည် ခေတ်အဆက်ဆက်တွင် မကြာခဏ မီးလောင်မှုရှိခဲ့ပါသည် ။ ခေတ်အဆက်ဆက် ဘုန်းတန်ခိုးကြီးမားသည့် မင်းမြတ်များက ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရပါသည် ။ နောက်ဆုံးဖြစ်သော မြောက်ဦးခေတ်တွင် ကြေးနီပြားဖြင့် မိုးထားခဲ့ကြောင်း အဆိုရှိပါသည် ။ မဟာမုနိ ဆင်းတုတော်ကို ဘိုးတော်ဦးဝိုင်းက ပင့်ဆောင်ယူသွားခဲ့သည့်နောက်ပိုင်းမှ ယခုအချိန်ထိ ကိန်းဝပ်နေသော ဆင်းတုတော်ကို ကျောက်တော်မဟာမုနိ ဟု ခေါ်ဆိုကြပါသည် ။ ဤဆင်းတုတော်မှာ ကျောက်ညိုဖြင့် ထုဆစ်ထားသော ဆင်းတုတော်ဖြစ်ပြီး ရွှေချထားသဖြင့် သပ္ပါယ်စွာတွေ့ရပါသည် ။ နောက်ဆင်းတုတော် တစ်ဆူမှာ စစ်တွေမြို့မှ သူဋ္ဌေးကြီးရဲကျော်သူ လှူဒါန်းထားသော မဟာမုနိတော်၏ ( Replica ) ကြေးဆင်းတုတော် ပုံတူဖြစ်ပါသည် ။
ကျောက်တော်မဟာမုနိဆင်းတုတော်၏ အရံကျောက်ဆင်းတုတော်နှစ်ဆူမှာ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လာန် (လက်ဝဲရံ လက်ယာရံ) ဆင်းတုတော်ပုံတူများဖြစ်ကြပါသည်။ မဟာမုနိပုံတော်ကို ကျောက်တော် မြို့နယ်ရှိ မဟာမုနိဂူကျောင်းအတွင်း ကိန်းဝပ်တော်မူနေသော ဆင်းတုတော်များနှင့်အတူ မဟာမုနိသိမ်တော်သို့ ပင့်ဆောင်၍ ဆက်လက်ကိုးကွယ်ကြခြင်းဖြစ်ပါသည် ။
ရခိုင်တွင် ကိန်းဝပ်ခဲ့သော ဗုဒ္ဓဆင်းတုတော်များနှင့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများမှာ သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း ၊ ထိန်းသိမ်းမှုအားနည်းချက်တို့ကြောင့်လည်းကောင်း ၊ ယနေ့ထိတိုင် ပျက်စီးမြဲ ပျက်စီးဆုံးရှုံးလျက် ရှိသည်ကို တွေ့ရပါသည် ။ ဥပမာပြောရလျှင် ရခိုင်ပြည်စစ်တွေမြို့ ပွိုင့် လေညှင်းခံ အပန်းဖြေစခန်းနေရာတွင် အင်္ဂလိပ်ခေတ်ကပင် အများပြည်သူသို့ ပြသထားသည့် အမြောက်ကြီး (၂) လက်မှာ ယနေ့အခါတွင် (၁) လက်ကိုသာ တွေ့ရပါတော့သည် ။ ( The Golden Mraul U, Ancient Capital of Rakhine စာမျက်နှာ ၁၈၁ ကိုရှု )
နောက်ထပ်တင်ပြရလျှင် ရခိုင်ယဉ်ကျေးမှုရှေးဟောင်းတူးဖော်မှု (Excavation) လုပ်ငန်းများဖြစ်သည့် ဝေသာလီကောင်းကင်မြေပုံနေရာနှင့် ဓညဝတီကောင်းကင်မြေပုံနေရာတို့ကို တူးဖော်ရာ၌ ရရှိသော ရလာဒ်အသေးစိတ်ကို ပြည်သူများ ယနေ့တိုင်သိခွင့်မရရှိသေးပါ ။ ရခိုင်တို့ယဉ်ကျေးမှုဘဏ္ဍာတိုက်ဖြစ်သည့် သျှစ်သောင်းပုထိုးတော်ကြီးကို ပြုပြင်ခဲ့ပါသေးသည် ။ ဤသည်ကိုလည်း ပြည်သူများကို အသိပေးခြင်းမရှိခဲ့ပါ ။ ယခုအခါ သျှစ်သောင်းပုထိုးတော်ကြီး၏ ဝင်ဝမုခ်ဝကြီးကိုလည်း ပြင်ဆင်ထားလျက်ရှိရာ ရှေးဟောင်းပုံစံများ ပျက်စီးဆုံးရှုံးသွားရပြီဖြစ်သဖြင့် နိုင်ငံခြားဧည့်သည်များ ၊ သုတေသီများ လာရောက်မှုနည်းပါးသွားသည်ကို တွေ့ရပါသည် ။ ၎င်းအပြင် ဒုက္ကန်သိမ် ၊ ရတနာပုံ အစရှိသည့် စေတီပုထိုးများကိုလည်း ပြုပြင်ထားရာ မူလပုံစံ ပျက်ပြားသွားရပါသည် ။ ဤသည်မှာလည်း ရခိုင်တို့၏ ယဉ်ကျေးမှုဆုံးရှုံးရခြင်းဖြစ်ကြောင်း ရခိုင်ပြည်သူများ အနေဖြင့် ရှေးဟောင်းအမွေအနှစ်များ ရည်ရှည်တည်တံ့ခိုင်မြဲရေးအတွက်နိုင်ငံတော်အစိုးရနှင့် အတူ ပူးပေါင်း ထိန်းသိမ်းရန်လိုအပ်ကြောင်းကို ဖော်ပြလိုပါသည် ။-------------------------------------------------------------------------------------------------------------------------------------- ( ဦးရွှေဇံ ) --------------------------

No comments: