နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ရန်
*******************
နိုင်ငံရေးဟူသော
ဝေါဟာရကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုတတ်ကြသော ဘာသာဘေဒသမားတိ အများကြီးရှိသော်လည်း
နိုင်ငံရေးသမား( politician) တစ်ယောက်ဖြစ်ဖို့ရန်အတွက် အောက်ခြေသိမ်း အဖြစ် သတ်မှတ်၍ရသော
အရည်အချင်းရို့ ရှိလေသည်။ ထိုအရည်အချင်းကပင် နိုင်ငံကို ဦးဆောင်နိုင်စွမ်းအဆင့်ထိ
မြှင့်တင်ပီးလိမ့်မည် ဖြစ်သည် ။
ကဏ္ဍနှစ်ခုအနိန်ဖြင့် သတ်မှတ်လို့ရသော နိုင်ငံရေးသမားတစ်ယောက်ဧ့
အရည်အသွေးကို အောက်ပါ အချက်အလက်များဖြင့် တိုင်းတာနိုင်ပြီး မိမိကိုယ်ကို မိမိနိုင်ငံရေးသမားအဖြစ်
သတ်မှတ်ကာ တိုင်းနိုင်ငံကို တစ်စုံတစ်ခုသော နိန်ရာထိ ရွှိနိုင်ကာတ်စီ ။
____________________
နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရန်
...
= ယခင့် ယခင်က
ဖြစ်ပျက်ခဲ့သော နိုင်ငံဧ့ သမိုင်းနှင့် ခေတ်သစ် (မျက်မှောက်) နိုင်ငံတော်ဧ့ သမိုင်းတိကို
လေ့လာထားရမည် ဖြစ်သည် ။
= ဘာသာစကားများကို
ကျွမ်းကျင် ပိုင်နိုင်ရမည် ။
= လူမျိုးတိုင်းဧ့
ဖွဲ့စည်းအုပ်ချုပ်ပုံ ၊ အုပ်ချုပ်ရေး နည်းစနစ်များကို သိရှိနားလည်ကာ ၊ ရှေးဟောင်းနှင့်
ခေတ်သစ် အင်ပါယာနိုင်ငံကြီး များ ပေါ်ထွန်းလာပုံနှင့် ပျက်စီးလားခြင်းဧ့ အကြောင်းရင်းများကိုပါ
လေ့လာ နားလည်ထားရ မည်ဖြစ်သည် ။
= ထို့အပြင်
တိုင်းပြည်များဧ့ အင်အား(စစ်ရေး၊စီးပွားရေး၊လူထု) ၊ ချမ်းသာကြွယ်ဝမှု (ရင်းမြစ်) နှင့်တကွ
ကူးသန်းရောင်းဝယ်မှု ( မဟာမိတ် ၊ ကုန်စည်) များကိုပါ ကောင်းကောင်း နားလည် သိရှိထားဖို့
လိုအပ်သည် ။
______________________
နောက်ထပ်...
နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ရန် အတွက် ကိုယ်ပိုင်
သီးသန့်အရည်အချင်း ( မရှိမဖြစ်) တရပ်မှာ မိမိစိတ်ကို မိမိ အထူးထိမ်းချုပ်နိုင်ရမည်
ဖြစ်သည်။
စိတ်လိုက်မာန်ပါဖြစ်ခြင်းမရှိစီိရ
။
စိတ်ရှည်ရမည်ဖြစ်ပြီး
မိမိအတွက် အကျိုးတစ်စုံ တရာမရှိမှန်းသိသော်လည်း စိတ်ရှည်စွာ ထားထောင်တတ်ရမည် ။သူ့အလိုကို
ငြင်းဆိုလျှင်သော်မှ ညင်သာမှုရှိရမည်ဖြစ်ပြီး ၊ လိုက်လျောဖြစ်လျှင်လည်း တဖက်သားအတွက်
လေးနက်စီရမည် ဖြစ်သည်။
နောက်တစ်ခုကကျွမ်းကျင်လိမ္မာမှု
။ ဆိုလိုသည်မှာ
လိုအပ်လျှင်
မုသားပြောဆိုခြင်းမရှိဘဲ အမှန်တရား ကိုပင် ဖုံးကွယ်နိုင်သည့် ကျွမ်းကျင်မှုမျိုး ရှိရမည်
ဖြစ်သည် ။ ( ဤကျွမ်းကျင်မှုကို အထူးသတိထား ရမည်)
မျက်နှာ စသော
အမူအရာကိုကြည့်ကာ အကဲခတ်နိုင်စွမ်းတည်းဟူသော ပါးနပ်မှု ရှိရမည် ။
နောက်တစ်ခုက
မိမိဧ့စိတ်ထဲ၌ ဖြစ်နိန်သည့် အခြီအနိန်ကို မပေါ်လွင်စီဘဲ တည်ငြိမ်မှုမျိုး အထူးလိုအပ်သည်
။ ( သို့သော် မျက်နှာသီ မျိုးကို မဆိုလို)
အပြင်ပန်းအားဖြင့်
ပွင့်လင်းပြီး အမှန်တကယ်အားဖြင့် သီးသန့်ဖြစ်နိန်ရမည်ကို ဆိုလိုရင်းဖြစ်သည် ။
အထက်ပါ အရည်အချင်းမျိုးကို
မိမိကိုယ်တိုင် လုပ်ယူ ဖန်တီးထားမှသာ ၊ သို့မဟုတ် မွီးယူထားပြီးမှသာ ထက်သော မြတ်သော
တော်သော တတ်သော နိုင်ငံရေးသမားအဖြစ် နိုင်ငံအရေး ကိစ္စများကို ပြည်သူ့ရှိမှ မားမားမတ်မတ်ဖြင့်
စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်မည် ဖြစ်သည် ။
ထူးချွန်
ထက်မြက်ပြီး တိုင်းပြည်ကို ချစ်သော နိုင်ငံရေးသမားများ ဖြစ်နိုင်ကာတ်စီ ။
Ref :
Letters To His Son And Others
(Lord
Chesterfield)
No comments:
Post a Comment