ကပ်ကျော်ကြည့်မိခြင်း
(နိဒါန်း)
ကပ် ဆိုသောဝေါဟာရကို ပါဠိနန့် ကပ္ပလို့ခေါ်ကတ်ပါသည်။
ကာလတစ်ခုလို့လည်း အလွယ့်ကာချေ မှတ်နိုင်ပါသည် ။
(စာကိုယ်)
သြကာသ ဘုရားရှိခိုးရေ စာသားထဲမှာလေး ဒေ ကပ်ဆိုရေစကားလုံးကို
တွိရပါယင့် ...
ကပ်သုံးပါးထဲက
လွတ်မြောက်အောင် ဆုတောင်းစွာပါ။
အေစွာကိုစွဲလို့
.. ဇာတီတိလေး တည်ကတ်ပါရေ ။
ယင်းဇာတီတိကိုတော့ခါ
ကပ်ကျော်ဇာတီ ၊ ကပ်ကျော်ဘုရားလို့ ဆိုင်းဘိုးတိကပ်လို့ အသိပီးထားစွာ တွိရပါသည် ။
စကားထဲမှာဆိုကေ ဒေကပ်ကျော်က နောက်အဓိပ္ပါယ်တစ်မျိုး
ထွက်ပါရေ ၊ တားရီချေလွဲလားစွာတိ ၊ တည့်တည့်လာလာတ်ပြီးခါ အပါးချေကိုရောက်တေခါမှ ဖယ်လားစွာတိ..
ဒေ့ပိုင် active + passive. ဆန်ရေ အပြုအမူချေတိကိုလေ့
ကပ်ကျော်.. ကပ်လွဲ လို့ သုံးစွဲပြောကတ်ပါသည်။
တစ်ခုချင်း အက္ခရာတစ်လုံးစီမှာလည်း အဓိပ္ပါယ်ပါစွာကိုတွိပါရေ။
ကပ်..ဆိုစွာက ပေါင်းစပ်ကြည့်ခြင်းလို့ အဓိပ္ပါယ်ထွက်ပနာ .. ကျော် ဆိုစွာကတော့ ယှောင်ဖယ်ပနာ
မြင့်တက်လားစွာပါ ။ ယေခါ .. ပေါင်းစပ်ပြီးမှ ရှောင်ဖယ်လားစွာမျိုးလည်း ကပ်ကျော်ဆိုရေ
ဝေါဟာရဧ့ ပရိယာယ်တစ်ခုလို့ သတ်မှတ်နိုင်ပါရေ .. ။
သိပြီးသား ဝတ္ထုချေတစ်ခုနန့် ကပ်ကျော်ကြည့်ကတ်ပါမေ..
* မြွီပါလည်းဆုံး
သားလည်းဆုံး *
နားလည်မှုတိနန့်
မပွင့်လင်းရေအခြီအနီကို ဘြုန်းခနဲဆုံးဖြတ် လုပ်ဝံ့ လုပ်နိုင်ရေ လက်တိမှာ သုံးသပ်မှုတိမဟိရေခါ
.. မြွီပါချေ ချစ်တေစိတ်ကို သူ့ဓားက ... ကပ်ကျော်ပစ်လိုက်တေ .. ။
နောင်တဆိုစွာ အစားထိုးဖို့အတွက် ကော်လတီအပြည့်ရှိဖို့လိုအပ်ပါရေ
၊
နောက်တစ်ခုက .. လူတစ်ယောက်မှာ သားနှစ်ယောက်ရှိရေ
၊ နှစ်ယောက်စလုံးကို စောက်ယှောက် ချီးမြှင့်ထားရေ ၊ နိ့စိုင်လည်း ဖဲသာပီးရေ ၊ သားတိက
တောင်းဖို့မလိုအောင်ကို ပီးထားရေ ..။ သားကြီးက ပီးတိုင်းကိုမယူလို.. ၊ သားချေက ပီးတိုင်းကို
ယူရေ ...။ သားကြီးက မလိုအပ်ကေ မယူ၊ လိုအပ်မှ ယူကေလေ့ သားချေကတော့ခါ လိုလို မလိုလို
ပီးတိုင်းယူရေ ..။ သူ့အဖသေက သားကြီးကို ဇာတွက် ပီးတိုင်းမယူစွာလဲ မိန်းရေ ။ ယေခါ
.. သားကြီးက ပီးစွာကိုဂျဲ ယူနိန်ကေ ကိုယ်လိုချင်စွာကို တောင်းဝံ့ဖို့မဟုတ် ၊ တောင်ကေတောင်မှ
မတရားလောဘကြီးရာတောင်ရောက်ဖို့ .. ၊ လိုချင်စွာကို ရဖို့မဟုတ်..၊ ယင်းတွက်နန့် ပီးတိုင်း
မလိုအပ်ကေ မယူ လို့ ပြန်ဖြီလိုက်တေ .. ။ အဆုံးမှာ သားကြီး လိုအပ်စွာကို ရလားခရေ ။
ကပ်ကျော်နန့် ဝတ္ထုချေ နှစ်ပုဒ် အကျိုင်းချုပ် စီကုံးလိုက်ပါယာ
။
(နိဂုံး)
မန္တလေး မဟာမုနိဘုရားမှာ မုခ် လေးပေါက်ရှိပါရေ ။
ပတ်လို့လားဖို့ဆိုကေ အချိန်မနည်းကုန်ပါရေ၊ ယေခါ ဘုရားပရဝုဏ်ထဲက ဖြတ်ပနာ လားကတ်စွာတိများပါယင့်
။ ရှိမခိုးဘဲနန့် ဖြတ်လို့ လားဖန်များရေ လူတိကို ကပ်ကျော်လို့ သတ်မှတ်ပြီးကေ ယင်းဘုရားကိုတော့
ကပ်ကျော်လူတိက ကပ်ကျော်ဘုရားလို့ အသိအမှတ် ပြုပစ်လိုက်ကတ်လီပါယင့်... ။
(ဆုတောင်း)
( ရခိုင့်ပြည်သူ
ပြည်သားတိ ကပ်ကြီးသုံးပါးက လွတ်ကင်း ကျော်ဖြတ်နိုင်ကတ်ပါစီ )
No comments:
Post a Comment