ကွန်ပစ်ခြင်း
...
ဝမ်းစာအတွက် စိတ်ကြိုက်ရှာစားခွင့်ကို ရီမြီအသျှင်တိက
ခွင့်ပြုပီးလိုက်သောအခါ ..
ငါးရှာ ဖားရှာ
သမားတိကလေ့ ရွစိရွစိ ဖြစ်လှာ သည် ။
မိမိအသုံးပြုသော ပိုက် သို့မဟုတ် ကွန်ကို အခွန်ဆောင်ရမည်ဟုလည်း
နသန်းနဝါ ကြားလိုက်သိ့သည် ။ ကိစ္စမရှိ .. ဒေချောင်းထဲမှာ ငါရို့မျိုးရိုးပြတ်လုံး ငါးဖမ်းလာစွာ
.. ဒေမြီနန့် ဒေလူက အသားကျပြီးသား ၊ အယင့်အယင်က သီနပ်ထမ်း လူသရမ်းအစိုးရတိရှိရေခါကား
မဟုတ်ပျာ ။ အီးဆေးနန့်ရာ ..
အမှန်ဆိုကေ .. ငါးရှာရစွာက အရသာမရှိ ။ ပိုက်သမားတိက
သားပေါက်ချိန်မရှောင် ယက်မရှောင်ဘဲနန့် ကွန်ပေါက်အငယ့်ချေတိကို အသုံးပြုပနာ ရသမျှငါးတိကို
ရီထဲက ဆွဲနှုတ်ကတ်တေ ။ တစ်ခါ မော်ရံ ၊ လ့မုန့်ပိတ်သမားတိကလေ့ ကမ်းတက်ငါးတိုင်းလိုလိုကို
ဖမ်းယူကတ်တေ။ ငါရို့က ကွန်ပစ်တေထဲက ဘဝရသချေတိကို ခင်းပြရေဆိုပြန်ကေလေ့ ကွန်ပစ်တေလူဧ့ဒဿ
က ဇာလောက်ထိ
ချိုမြနိုင်ဖို့လဲ .. ။
ကွန်ကို ၁၂လံအရှည်ဖြစ်ဖြစ် ၊ ၁၀ လံအရှည်ဖြစ်ဖြစ်လုပ်ပနာ
အသုံးပြုကတ်တေ ၊ ၁၂ လံဆိုကေ ၃ပိဿာလောက်လီးရေ ခဲကို ထည့်ရပြီးကေ ၊ ၁၀ လံဆိုကေ ၂ ပိဿာခွဲလောက်တော့
ထည့်ပီးရရေ ၊ အဓိက ကွန်ဖြန့်လိုက်တေခါ ဘက်ညီဖို့အတွက် ဘယ်နန့်ညာမှာ ခဲသီးဆိ ဆွဲပီရရေ
၊ ခဲအလီးချိန် ညီမျှမှရာ တိကျရေ အဟုန်နန့် ရီအောက်ကို ကျနိုင်ရေ ၊ ယင်းပိုင်တိကျရေ
အဟုန်ရှိမှရာ ကွန်စက်ကွင်းထဲက ငါးရေ ထွက်မရောက် ။
ဆိုကေ ..
ကွန်ပစ်တေခါ အားစိကေနန့် နည်းပရိယာယ်တစိချေလောက် တတ်တိုင်း ငါးကိုလိုသမျှရနိုင်လား
ဆိုကေလေ့ မဟုတ်ပြန် ။ ကံကောင်းခြင်း .. စိတ်ရှည်ခြင်းကို အသုံးချပြီးခါမှ.. ကမ်းနားကပ်
ငါးတိကိုရာ ရနိုင်ရေ ... ။ နိန်ရာကိုလေ့ ခန့်မှန်းတတ်ဖို့ ပါသိ့ယင့် ။
ကွန်ပစ်သမားက ငါးရှိမရှိကို တိတိကျကျမသိနိုင်
၊ ယေကေလေ့ တိကျသေချာရေ ကွန်ဖြန့်နည်းတိကိုအသုံးပြုပနာ .. ငါးမပါကေလေ့ ပစ် ၊ ပါကေလေ့
ပစ်ကတ်ရစွာရာ ။ ထမင်းစားအမှီ ငါးတစ်ထပ်စာတော့ ရကောင်းဖို့ထင်ပါယင့် ။
ကိုင်း
.. ကမ်းကပ်ငါးတစ်ထပ်စာလောက် ရရေရ ၊ မရကေ .. ရီချိုးပနာ ပြန်ရပါဖို့ဒေ ။
No comments:
Post a Comment