ရခိုင်ပြည်ကို"ဒုတိယကိုဆိုဗို"အဖြစ်အသက်သွင်းလိုသူများသည်
အုပ်ချုပ်သူဗမာအာဏာရှင်များဖြစ်၍ ထူထောင်လိုသူများသည်
ဘင်္ဂါလီကုလားများပင်ဖြစ်သည်။
အဘယ့်ကြောင့် အုပ်ချုပ်သူဗမာအာဏာရှင်များက ရခိုင်ပြည်ကို
"ဒုတိယကိုဆိုဗို"အဖြစ် အသက်သွင်းချင်၍ ဘင်္ဂါလီကုလားများက
ထူထောင်ချင်ကြသနည်း။
ဤမေးခွန်းသည် မေးသင့်သောမေးခွန်းပင်ဖြစ်၏။

ရခိုင့်နိုင်ငံ၏အချုပ်အချာအာဏာကျဆုံးခဲ့သည်မှာ
အတိအကျဆိုရလျှင် နှစ်ပေါင်း(၂၃၃)နှစ်ရှိခဲ့ပြီဖြစ်သော်လည်း
အုပ်ချုပ်သူဗမာအာဏာရှင်များသည် ရခိုင်နိုင်ငံကို
မည်သည့်အကြောင်းကြောင့်မျှ,မည်သည့်နည်းနှင့်မျှ လွတ်လပ်ရေးမပေးလိုကြပေ။
အဘယ့်ကြောင့် မပေးလိုကြသနည်း။

ရခိုင်နိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတအလျှံပယ်ထွက်သောနိုင်ငံတစ်ခုဖြစ်နေခြင်း,
ရခိုင့်နိုင်ငံကို လွတ်လပ်ရေးပေးလိုက်လျှင် ရခိုင်နိုင်ငံသားများက ဗမာနိုင်ငံကိုရန်ပြုလာမည်ကိုကြောက်ခြင်း,
မိမိတို့စားကျက် ကျဉ်းမြောင်းသွားမည်ကိုကြောက်ခြင်း
စသည်စသည်ဖြင့် အကြောင်းတရားပေါင်းမြောက်များစွာပင်ရှိပါ၏။
ဤအကြောင်းတရားမြောက်များစွာတို့ကြောင့်
အုပ်ချုပ်သဗမာအာဏာရှင်များသည် ရခိုင့်နိုင်ငံကို လွပ်လပ်ရေးမပေးလိုကြခြင်းဖြစ်၏။

အုပ်ချုပ်သူဗမာအာဏာရှင်တို့သည် သူတို့လက်ထဲ၌
အာဏာနှင့်လုပ်ပိုင်ခွင့်ရှိနေသမျှကာလပတ်လုံး ရခိုင့်နိုင်ငံမှထွက်သည့်
မြေပေါ်မြေအောက်သယံဇာတကုန်သွားသည်အထိ,
ရခိုင်လူမျိုးများ အသိဉဏ်ကင်းမဲ့,
ကိုကျင့်စာရိတ္တပျက်ပြားကာ ရစရာမရှိအောင် ဆင်းရဲစုတ်ပြတ်သွားသည်အထိ
အဆုံးစွန်သည်အထိ လုပ်နေမည်သာဖြစ်သည်။
ဤသည်မှာ လုံးဝသံသယဖြစ်စရာမလိုသော အမှန်တရားဖြစ်သည်ကို ရှေ့ကဖြစ်ခဲ့သောသမိုင်းဖြစ်ရပ်,ယခုဖြစ်နေအဖြစ်အပျက်,ပြဿနာ, အကြောင်းအရာမျိုးစုံတို့က မီးမောင်းထိုးပြလျှက်ရှိသည်။

ဗမာအုပ်ချုပ်သူအာဏာရှင်များသည် ရခိုင်ပြည်သူပြည်သားများကို အလွန်တရာမုန်းတီးကြ၏။
အဘယ့်ကြောင့် ထိုလောက်မုန်းတီးကြသနည်း။
ဗမာနိုင်ငံကို ရခိုင်နိုင်ငံက မတရားတိုက်ခိုက်သိမ်းပိုက်ကျွန်ပြုခဲ့၍ပေလော့။
မဟုတ်ယေးချ မဟုတ်ပေ။
မုန်းခြင်းမုန်းလျှင် ရခိုင်ပြည်သူများကသာ
အုပ်ချုပ်သူဗမာအာဏာရှင်များကို မုန်းတီးရမည်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ခေတ်အဆက်ဆက်နှင့်
ယနေ့ထိတိုင်အောင် အုပ်ချုပ်သူဗမာအာဏာရှင်များသည်
ရခိုင်နိုင်ငံကို မတရားတိုက်ခိုက်သိမ်းပိုက်၍
ကျွန်ပြုခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက,
လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးက
မတရားတိုက်ခိုက်သိမ်းပိုက်ခြင်းသည် အသိမ်းပိုက်ခံနိုင်ငံနှင့်လူမျိုးတို့အနေဖြင့်
အဘယ်မျှလောက်ဆင်းရဲဒုက္ခရောက်ကြရသည်ကို
သူ့ကျွန်ဘဝရောက်ဖူးသော နိုင်ငံနှင့်လူမျိုးတို့တိုင်း
သိကြပါ၏။ အုပ်ချုပ်သူဗမာအာဏာရှင်များလည်း
သိကြပါ၏။
ထို့ကြောင့် ဆရာတော်ဦးဥတ္တမ,သခင်ကိုယ်တော်မှိုင်း,
ဗိုလ်ချုပ်အောင်ဆန်းအစရှိသောအာဇာနည်များက
အင်္ဂလိပ်တို့၏ကျွန်ဘဝမှလွတ်မြောက်အောင်
ကြိုးပမ်း,တော်လှန်၍ လွတ်လပ်ရေးကို အရယူခဲ့ကြသည်မဟုတ်ပါလော့။
ထို့ကြောင့် မုန်းခြင်းမုန်းလျှင် အုပ်ချုပ်သူဗမာအာဏာရှင်များက ရခိုင်ပြည်သူပြည်သားများကို မုန်းရမည်မဟုတ်။ရခိုင်ပြည်သူပြည်သားများကသာ အုပ်ချုပ်သူဗမာအာဏာရှင်များကို မုန်းရမည်သာဖြစ်၏။

အထက်ပါအကြောင်းအရာများကိုထောက်ဆ၍ အုပ်ချုပ်သူဗမာအာဏာရှင်များသည် မည်သည့်အခါမျှ လွတ်လပ်ရေးပေးမည်မဟုတ်ပေ။
အကယ်၍ ရခိုင်နိုင်ငံကို မဖြစ်မနေလွတ်လပ်ရေးပေးရမည့်အနေအထားသို့ရောက်ခဲ့လျှင်လည်း ရခိုင့်နိုင်ငံ၏အနောက်ဘက်ခြမ်း (ဘူးသီးတောင်,မောင်တော,ရသေ့တောင်တို့)ကို ဘင်္ဂါလီကုလားများအား "ဒုတိယကိုဆိုဗို"အဖြစ် တည်ထောင်နိုင်လောက်သည့်
အနေအထားသို့ရောက်အောင်လုပ်ပေးပြီးမှ လွတ်လပ်ရေးပေးမည်ဖြစ်၏။
ထို့ကြောင့်ပင် ဝန်ကြီးချုပ်ဦးနုလက်ထက်မှစ၍ ယနေ့တိုင်အောင် အုပ်ချုပ်သူဗမာအာဏာရှင်များက
ဘင်္ဂလားမှဘင်္ဂါလီကုလားများကို မတရားသဖြင့်ခိုးသွင်းကာ "ဒုတိယကိုဆိုဗို"ပဋိသန္ဓေကို တည်စေခဲ့သလော့။

အကယ်၍ ရခိုင်နိုင်ငံသည် (ဗမာအာဏာရှင်များနှင့် ဘင်္ဂါလီကုလားများက
"ဒုတိယကိုဆိုဗို"ကိုမထူထောင်နိုင်မှီ) မိမိတို့ကိုယ်တိုင်
မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်ရှိသော် ဘင်္ဂါလီကုလားများသည်
သူတို့ထူထောင်ချင်သည့် "ဒုတိယကိုဆိုဗိုနိုင်ငံ"ကို မည်သည့်နည်းနှင့်မျှ
ထူထောင်၍မရနိုင်။
ဤသည်ကို ဘင်္ဂါလီကုလားများက ကောင်းကောင်းသိသလို အုပ်ချုပ်သူဗမာအာဏာရှင်များကလည်း ကောင်းကောင်းသိပါ၏။

ထို့ကြောင့် ဘင်္ဂါလီကုလားများသည် ဗမာအာဏာရှင်များအုပ်ချုပ်နေခိုက်မှာ
ပြည်တွင်းပြည်ပမှအကူအညီများအားကိုရယူကာ ယုတ်မာရက်စက် ကောက်ကျစ်စဉ်းလဲသော
အကြံမျိုးစုံ,အပြောမျိုးစုံ,အလုပ်မျိုးစုံတို့ဖြင့်
"ဒုတိယကိုဆိုဗို"ထူထောင်နိုင်ရန်
အစွမ်းကုန်ကြိုးစားကြမည်ဖြစ်၏။
ထို့အတွက် ဘင်္ဂါလီကုလားများသည်
ပြည်တွင်းပြည်ပအဘက်ဘက်၏အားကိုရဖို့ ပြင်ဆင်ခဲ့ကြလေပြီ။
ယခုလည်းပြင်ဆင်နေဆဲဖြစ်ပြီး နောင်ကိုလည်းပြင်ဆင်နေကြဦးမည်သာဖြစ်သည်။သူတို့၏ပြင်ဆင်မှုသည် မည်သည့်အခါမျှ ရပ်တန့်သွားမည်မဟုတ်ချေ။
ဤသည်မှာလည်း သူတို့၏ခိုင်မာသောယုံကြည်ချက်နှင့် အဓိဋ္ဌာန်ဖြစ်၍ သူတို့အတွက် တစ်ခုတည်းသောအခွင့်အရေးလည်းဖြစ်သည်။

ထို့ကြောင့် ယခုအချိန်သည် ရခိုင့်နိုင်ငံသူ,နိုင်ငံသားများအတွက်
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကိုရယူရန် အရေးအကြီးဆုံးအချိန်လည်းဖြစ်၍
စည်းလုံးညီညွတ်မှုအင်အားဖြင့်
တော်လှန်ရမည့်
တစ်ခုတည်းသောအချိန်လည်းဖြစ်ပေသည်။
ထိုသို့မဟုတ်ပါက ရခိုင့်နိုင်ငံ၏အနောက်ဘက်ခြမ်းကို
"ဒုတိယကိုဆိုဗို"အဖြစ်ဖဲ့ပေးရမည်ဖြစ်ပြီး
မိမိတို့နိုင်ငံ၏လွတ်လပ်ရေးလည်း ဘယ်တော့မှ
နာလန်ထူနိုင်တော့မည်မဟုတ်ချေ။

(မောင်ကြီးသျှင်)
No comments:
Post a Comment