Wednesday, August 30, 2017

ခိုင်မျိုးထွန်း(ခ)ထွန်းထွန်း၏ ကိုယ်ရေးအကျဉ်း


ရခိုင်ပြည်လွတ်မြောက်ရေးပါတီALP/ALAဗဟို ကော်မတီဝင်ဗိုလ်မှူးခိုင်မျိုးထွန်း(စည်း/ပြန်ဒုဥက္ကဌ) ကိုအမှတ် (၁၅၀) ၊ သဇင်လမ်း၊ ရွာဟောင်းရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့၌အဖဦးမောင်ညို(စည်ပင်ငြိမ်း)၊ အမိ ဒေါ်မသောင်းစိန်တို့မ (၂၅-၉-၁၉၈၂)တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။မွေးချင်း(၅)ဦးအနက်စတုတ္တမြောက် သားရတနာဖြစ်သည်။ ဗိုလ်မှူးခိုင်မျိုးထွန်းသည် အခြေခံပညာ မူလတန်းကို အ-မ-က ရွာဟောင်းကျောင်းနှင့် အထက်တန်းပညာကို အ-ထ-က ပုဏ္ဏားကျွန်းမြို့တွင်လေ့လာသင်ယူခဲ့ပြီး၊ ၂၀၀၆မှ ၂၀၀၈ ထိ Earth Rights International School (ထိုင်းနိုင်ငံ ချင်းမိုင်)တွင် သင်ကြားလေ့လာခဲ့သည်။

*၂၀၀၄ ခုနှစ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA(အရှေ့ဘက်ဒေသ)ကိုစတင်ဝင်ရောက် ခဲ့ပြီး ALP/ALAရဲဘော်များနှင့် နိုင်ငံရေးခိုလုံလာကြသူ များအတွက် “Globalazation” English Language Training Acadamyတွင် ဆရာတစ်ဦးအနေဖြင့် အင်္ဂလိပ်စာပြသပေးခဲ့သည်။

*၂၀၀၈ ခုနှစ်တွင်CoordinatorandTrainer တစ်ဦးအဖြစ် Human Right and Democracy upgrading Training, Arakan Oil Watch (AOW- ANREN)မှာ တာဝန်ယူဆောင်ရွက်ခဲ့သည်။ Arakan YouthsNetworkGroup (ရခိုင်လူငယ်များအစည်းအရုံးကွန်ယက်)မှာ တွဲဘက်အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

*၂၀၀၈-၂၀၁၀တွင် Counsell or from Ranmarwadi Battalion Judiciary (အရှေ့ဘက်ဒေသ ALP/ALA ရမ္မာဝတီတပ်ရင်း တရားစီရင်ရေးအဖွဲ့အတိုင်ပင်ခံ)၊ Office in Charge of ALP/ALA (Easternside Based) and Foreign Relationship Official of ALP/ALA Eastern Side Region(ALP/ALA) နိုင်ငံခြားဆက်ဆံရေးတာဝန်ခံနှင့် အရှေ့ဘက်ဒေသ ရုံးတာဝန်ခံ)။

*၂၀၁၁ခုနှစ်မှစ၍ အချိန်ရသလောက် Part Time –FreelanceTour Guide အဖြစ်ဆောင်ရွက်ပြီး၊ စာပေဟောပြောပွဲများကို လိုက်ပါဟောပြောခဲ့သည်။
*၂၀၁၅ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (NCA) ALP မှ မြေယာသဘာဝသယံဇာတခေါင်းစဉ်တွင် တာဝန်ယူ ဆွေးနွး တင်ပြခဲ့သည်။

*၂၀၁၆ခုနှစ် ALP/ALA ပြန်ကြားရေးနှင့်စည်းရုံးရေးဒု-ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည် သူများ လူ့အခွင့်အရေးရှိရေးအတွက် ပြည်သူ လူထုရှေ့ က မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်ခဲ့ပြီး ယခုနှစ်အတွင်း ရက္ခိုင့်တပ်မတော်AAအပေါ် မြန်မာ စစ်တပ်က ထိုးစစ်ဆင်ရာတွင် ဒေသခံရခိုင်ပြည်သူများကို မြန်မာတပ်မှ ပေါ်တာဆွဲခြင်း ကျေးရွာများမှ ရွာသားများအားနှင်ထုတ်ခြင်း ပြည်သူများကိုစစ်မြေပြင်သို့ ခေါ်ယူခြင်းစစ်သုံ့ပန်းများအားရက်ရက်စက်စက် သတ်ဖြတ်ခြင်းစသော အချက်များပါသည့်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်မှုနှင့် ဇူလိုင်၂၅ရက်နေ့က သူ့ကို ဖမ်းဆီးပြီးပုဒ်မ-၅၀၅(ခ)(ဂ)တို့ဖြင့်တရားစွဲခံထားရသူဖြစ်ပါသည်။ ယနေ့အချိန်ထိ တရားရုံးသို့ (၉)ကြိမ် ထိ တရားရုံးတင်ခြင်း ခံထားရပြီးဖြစ်သည်။

၂၀၁၆ ခုနှစ်အတွက် ကိုခိုင်မျိုးထွန်းကို အမေရိကန်ရောက် ရခိုင်မိသားစုများမှ ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆု(အမှန်တရားဘက်တော်သား)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဝေဟင်အောင်
၁၁-၁၁-၂၀၁၆။

No comments: